part.7

17.2K 1.1K 73
                                    

မနက်ခင်းနေရောင်ခြည်သည်အခန်းထဲကိုတိုးဝင်လာတာကြောင့် သူရိန်လည်း မျက်လုံးကိုလက်နဲပွတ်ရင်း အိပ်ရာမှနိုးလာသည်။ သူရိန်ပထမဆုံးသတိရမိသည်က သူရိန်ရဲ့ အိမ်ထောင်ရှင်လေး.. ဘေးကိုကြည့်လိုက်တော့ နေရာလွတ်လေးကြောင့်ကောင်လေး ...

အောက်ထပ်ကိုဆင်းသွားပြီးလို့တွေးကာ သူရိန်လည်းအိပ်ရာမှထပြီး မျက်နှာသစ်သွားတိုက်ပြီး အိမ်နေရင်းအကျီတစ်စုံဝတ်ကာအောက်ထပ်သို့ဆင်းလာခဲ့သည်။
ဧည့်ခန်းထဲမှာလည်းကောင်လေးကိုမတွေ့တာကြောင့်..

"ကလေး..လွန်းလေး.. ဘယ်မှာလဲ.."

အိမ်ရှေ့ကနေ လှမ်းအော်နေတဲဉီးကြောင့် အနည်းငယ်တော့အံ့သြမိသည်။ အရင်တုန်းကဆိုရင် ချိုချိုသာသာမခေါ်တက်တဲ့ဉီးက ဒီမနက်မှာတော့ လူစားထိုးလိုက်သလားလို့တောင်တွေးမိနေသည်။ဘယ်လိုတောင် ချိုသာလွန်းနေတာပါလိမ့်..မနေ့ညကအထိ ခက်ထန်နေမြဲပါ..

"ဒီမှာ..ဉီးရေ.."

စားဖိုဆောင်ကနေ လှမ်းအော်တဲ့ကလေးငယ်ကြောင့်သူရိန်လည်း ထမင်းစားခန်းထဲကိုဝင်လာလိုက်ခဲ့သည်။ အပြာနုရောင် အကျီလက်ရှည်လေးနဲ့ ပုဆိုး အနက်ရောင်အကွပ်လေးကို အချိုးကျကျဝတ်ထားတဲ့ကောင်လေးသည် သူရိန်ကိုနောက်ကျောပေးကာ ဟင်းချက်နေပုံရသည်။
မနက်ခင်းရဲ့ပြီးပြည့်စုံမှုဆိုတာ ကိူယ့်ရဲ့ အိမ်သူလေးရဲ့ဟင်းချက်နေတဲ့မြင်ကွင်းလေးဘဲလို့သူရိန်ပြောမိလိမ့်မည်။

"ဉီး...မနက်စာရတော့မယ်နော်..ခဏလေး.."

"အိမ်မှာ အလုပ်သမားတွေရှိတာကို ဘာလိုကလေးကိုယ်တိုင်ဝင်ချက်နေတာလဲ.."

"ဗျာ..အော်.. ဉီးက ကျွန်တော်ရဲ့ အိမ်ဉီးနတ်ဆိုတော့ ကျွန်တော်ကိုယ်တိုင်ဘဲလုပ်ပေးချင်တယ်ဗျ.."

ချစ်ဖို့ကောင်းအောင်ပြောတက်လွန်းတဲ့ကောင်လေးကြောင့် သူရိန်ရဲ့မျက်နှာပေါ်မှာ အပြုံးတွေမရပ်နိုင်လောက်အောင်ပင်.. ဘာလိုများအဲ့လောက်ထိချစ်ဖို့ကောင်းနေရတာလဲကွာ..

သူရိန်လည်းနောက်ကနေခါးသေးသေးလေးအသာဖက်လိုက်တော့ အနည်းငယ်တုန်တက်သွားပြီ...

ဉီးရဲ့မြတ်နိုးရာ..(ဉီးရဲ႕ျမတ္နိုးရာ..)Where stories live. Discover now