part.16

13.9K 959 50
                                    

"ဉီး.... အိပ်ရာထတော့လေ.. အလုပ်သွားရမှာမလား.."

"အင်းး.မသွားတော့ဘူးလားလို့..ကလေးနဲ့အတူတူ dateချင်သေးတယ်.."

လွန်းအိမ်လည်း မနေ့ညကအဖြေပြန်ပေးပြီး အနမ်းတွေရှည်ကြာခဲ့တာကိုတွေးရင်း ရင်ထဲမှာပျော်မြူးနေမိသလို ရှက်လည်းရှက်လာရသည်။ မနေ့ညက အနမ်းတွေက အခုထိ နှုတ်ခမ်းပါးလေးမှာခံစားနေရတုန်းပင်.. နှုတ်ခမ်းလေးရဲ့နာကျင်မှုက နှလုံးသားလေးကို အခုန်မြန်စေသလိုပင်.. လွန်းအိမ် ဉီးအပေါ်မှာ နုတ်ယူလို့မရအောင်နှလုံးသားလေးနယ်ကျွံနေခဲ့မိပြီး..

သူရိန်ကတော့ သူ့ရှေ့မှာ ပါးလေးတွေရဲနေတဲ့ကလေးငယ်ကို ကြည့်ရင်း အသည်းယားလာတာကြောင့် ခါးလေးကိုပိုတိုးလို့ပွေ့ဖက်ကာ ပါးပြင်လေးပေါ်အနမ်းခြွေလိုက်ပြီး...

"ကလေးလေး..ရှက်နေတာလား..."

"မဟုတ်ပါဘူး...ဉီးနော်.."

"ချစ်စရာလေးကွာ..ကိုယ်တို့ဒီနေ့dateရအောင်လေ.."

"ဒီနေ့တော့ မဖြစ်သေးဘူးဉီးရဲ့.. ဒီနေ့ မိဘမဲ့ဂေဟာမှာ ကလေးတွေနဲ့ချိန်ထားသေးတယ်..ဉီးလည်းအလုပ်သွားလိုက်လေနော်.."

သူရိန်ကိုလူကြီးလေးတစ်​ယောက်လို့ချော့ပြောနေတဲ့ကလေးငယ်ကြောင့်သူရိန်တို့ ခေါင်းညိမ့် နာခံမိသားပင်..ဒီနေ့ချိန်းထားတဲ့ နိုင်ငံခြားရှယ်ယာရှင်နဲတွေ့ရအုံးမှာစိုးတော့...သူရိန်လည်းအလုပ်တော့သွားရပေအုံးမယ်..ကလေးငယ်နဲ့ပိတ်ရက်လေးကျမှဘဲ အတူတူdateကြတော့မည်။

"အဲတာဆို..ဉီးလည်းအလုပ်သွားမယ်.. ကလေးက ဘယ်ချိန်ပြန်မှာလဲ.."

"အွန်း...ညနေပိုင်းလောက်ပေါ့.. "

"အဲတာဆို..ဉီးလာကြိုမယ်လေ.."

"ဟုတ်ကဲ့..အဲတာဆို ဉီးရေချိုးတော့လေ.."

သူရိန်ရင်ခွင်ထဲကနေထွက်ဖို့ပြင်နေတဲ့ကလေးငယ်ကြောင့် ခါးလေးကိုတင်းကြပ်စွာဖက်ထားလိုက်ပြီး..

"မနက်ခင်းအနမ်းလေးပေးပါအုံးကွာ..ဉီးတစ်နေ့တာလုံးအားရှိအောင်.."

လွန်းအိမ်လည်း ရှက်နေပေမဲ့ ကိုယ့်ရဲ့ခင်ပွန်းသည်မလို့ ဆန္နကိုလိုက်လျောကာ.. ပါးပြင်ပေါ်သိုအနမ်းခြွေလိုက်ပြီး...

ဉီးရဲ့မြတ်နိုးရာ..(ဉီးရဲ႕ျမတ္နိုးရာ..)Where stories live. Discover now