part.20

13.4K 888 63
                                    

မနက်၄နရီ...

မှောင်မိုက်ကာကြောက်စရာကောင်းတဲနေရာမှာ နောင် ရပ်နေမိသည်။ ဒီနေ့ရာက ဟင်းလင်းပြင်လို့ဘဲဘာမှမရှိ..အမှောင်တွေသာကြီးစိုးနေသည်။အမှောင်ထုကြီးကြောင့်..နောင် အနေနဲ့အသက်ရူဖို့တောင်ခက်ခဲနေသလိုပင်..

နောင်လည်း တက်နိုင်သလောက်ထွက်လမ်းကိုရှာဖွေနေပေမဲ့ အမှောင်တောကြီးထဲမှာပြန်ပိတ်မိနေသည်။

"နောင်.. နောင်..ငါကိုကူညီပါ.."

"ဘယ်..သူလဲ.."

အသံတိုးဖျဖျအသံလေးသည် နောင်ရဲ့ဘေးပတ်လည်မှာကြောက်လန့်စွာထွက်ပေါ်နေလေသည်။ ကူညီပေးပါဆိုတဲ့စကားကိုထပ်တလဲလဲပြောနေတဲ့လူကြောင့် နောင်လည်းကြောက်နေတဲ့စိတ်ကိုအားတင်းကာ ဘယ်သူလဲမေးလိုက်တော့..နောင်မျက်နှာရှေ့ရုတ်တရက်ပေါ်လာတဲ့ကောင်လေးတစ်ယောက်..ကြောက်လန့်မှုကြောင့်တုန်ရီနေလေသည်။

"ငါက..လွန်းအိမ်..မင်းယူထားတဲ့ခန္တာကိုယ်ရဲ့ပိုင်ရှင်.."

နောင်လည်းအံ့သြကာကောင်လေးကိုသေချာကြည်မိလိုက်တော့ နောင်နဲ့တစ်ရုပ်တည်းပင်..
ဘယ်လိုတောင်ကံကြမ္မာလှည့်စားမှုကြောင့် နောင်တို့ဘဝတွေပြောင်းလဲသွားရတာလဲ..ပြီးတော့..ဒီကောင်လေးက..ဘာလိုဒီမှာရှိနေတာလဲ..

"မင်းက..အဲတာဆို..လွန်းအိမ်.. ဘယ်လိုဖြစ်ပြီးဒီနေရာမှာရှိနေတာလဲ.."

"ငါတောင်းပန်ပါတယ်..ငါ့ဝိညဉ်အရမ်းပူလောင်နေတယ်..ငါအတွက်ရည်စူးပြီးအလှူလုပ်ပေးပါ..ငါလွတ်မြောက်ချင်တယ်.."

"မင်းတွက် ရည်စူပြီးအလှူလုပ်ခဲ့ဖူးတယ်..မင်းဘယ်ရောက်နေလဲမသိပေမဲ့..ရောက်ရာအရပ်မှာအေးချမ်းစေဖို့မေတ္တာပို့ပေးဖူးတယ်.."

နောင်ရဲ့ စကားကြောင့် ကောင်လေးရဲ့မျက်လုံးတွေသည် ဒေါသတွေပြည့်နေသလို ဝမ်းနည်းမှုတွေရောယှက်နေကာ..အမုန်းတရားတစ်ချို့ဖြတ်​ပေးနေသည်။ ယူကြုံးမရသောအသံဖြင့်...

"မုန်းလို့..ငါ့နေရာကိုယူထားတဲ့မင်းကိုအရမ်းမုန်းလွန်းလို့..ငါ့ဒီမှာ အမုန်းတရားတွေနဲ့လောင်မြိုက်ခဲ့တယ်.. ငါ့ကိုလုပ်ပေးတဲ့ မေတ္တာတွေကို ငါ့မရရှိခဲ့ဘူး..ငါအမုန်းတွေကြားပိတ်လှောင်နေခဲ့တယ်.."

ဉီးရဲ့မြတ်နိုးရာ..(ဉီးရဲ႕ျမတ္နိုးရာ..)Where stories live. Discover now