#Unicode
နည်းပညာတက္ကသိုလ်(ဟင်္သာတ) ဆိုတဲ့ ကျောင်းမုဒ်ဝအောက်မှာ ရေးထားတဲ့စာတန်းလေးက မောင်မယ်သစ်လွင်များအား နွေးထွေးစွာ ကြိုဆိုပါ၏တဲ့။
ကျောင်းလမ်းမကြီးအတိုင်း ဆိုင်ကယ်မောင်းဝင်ခဲ့ပြီး ကျောင်းရှေ့ကန်တင်းက Together ဆိုတဲ့ဆိုင်ရှေ့မှာ ဆိုင်ကယ်ကို ရပ်လိုက်သည်။ ဆိုင်ထဲကိုဝင်တော့ ရောက်နှင့်နေတဲ့ ဘော်ဒါတစ်ချို့က ဘုန်းစစ်ပိုင်ကို လှမ်း၍နှုတ်ဆက်လေသည်။
"စစ်ပိုင်"
ချမ်းမြေ့က လက်ယပ်ပြီး လှမ်းခေါ်လိုက်တာမို့ ချမ်းမြေ့တို့ဝိုင်းတွင် ဝင်ထိုင်လိုက်၏။
"ဒီနေ့မှ ကျောင်းစတက်တာလား"
"အင်း မင်းတို့ရော"
"ငါက တက်တာနှစ်ရက်လောက်ပဲရှိသေးတယ်။ ဒီကောင်တွေက တစ်ပတ်လောက်ရှိပြီ"
"မင်းတို့မို့လို့ ကျောင်းစောစောလာတက်တယ်ကွာ။ ကလေးမဟုတ် သူငယ်မဟုတ်။ ပထမနှစ်တွေလည်း မဟုတ်တော့ဘူး"
စစ်ပိုင်တို့ ပထမနှစ်တုန်းကတော့ ကလေးမို့ ဘာမှနားမလည်သေးတာကြောင့် ကျောင်းစဖွင့်တဲ့ တစ်ရက်နေ့ထဲက ကျောင်းတက်ခဲ့ကြပေမယ့် ဒုတိယနှစ်ကစပြီး ကျောင်းဖွင့်ဖွင့်ချင်း မတက်ကြတော့ပေ။ ကျောင်းဖွင့်ပြီး တစ်လလောက်ကြာမှသာ ကျောင်းလာတက်ကြပေသည်။ ဒါကလည်း နည်းပညာကျောင်းသားတွေရဲ့ ဓလေ့တစ်ခုလို ဖြစ်နေပါပြီ။
"ဟျောင့် ကျောင်း Welcome က ခုလကုန်နော် ၂၉ ၊ ၃၀"
"ဒီဇင်ဘာလား"
"အေးပေါ့ကွ ခုလပါဆို ဒီဇင်ဘာပေါ့"
"ဒါဆို သန်ဘက်ခါပေါ့"
"အင်း"
"နှစ်ရက်လောက်ပဲ လိုတော့တာပဲ"
"Compound Welcome ကြ မင်းဝင်ကပါ့လား စစ်ပိုင်"
"မကချင်ပါဘူးကွာ။ အရင်လို စိတ်မပါတော့ဘူး"
"မင်း ဒီနှစ် နည်းနည်း တည်ငြိမ်နေလို့ပါ့လား"
"စိတ်သိပ်မပါလို့ပါကွာ။ တည်ငြိမ်တယ်လို့လည်း မဟုတ်ရပါဘူး။ မင်းတို့ကလည်း"
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။