#Unicode
"ဟဲလို"
"ဟဲလို ခင်လေး"
"အေး ဘုန်းစစ်ပိုင်ပြော ဘာပြောမို့"
"ငါ့ကို ကူညီပါဦးဟာ"
"ဘာလို့လဲ"
"ဘေဘီငါ့ကို စိတ်ဆိုးနေလို့"
"ဘယ်လိုဖြစ်ကြတာလဲ"
"သူက ခုတစ်ပတ် ကျောင်းပိတ်ရက် လာမယ်လို့ပြောတာကို ငါက မလာနဲ့လို့ ပြောလိုက်မိတာ"
"အင်း နင်က ဘာလို့ မလာခိုင်းတာလဲ"
"ခုတစ်ပတ် ငါမအားဘူး။ သင်တန်းတောင် ခွင့်ယူထားရတယ်"
"အင်း သားသားက အဲ့ဒါကိုစိတ်ဆိုးတာလား"
"အင်း သူလာလည်း ငါကမရှိတော့ မလာခိုင်းတာ။ ပြီးတော့ နောက်အပတ်ပဲ ငါတို့ ဘွဲ့ယူရတော့မှာလေ။ အဲ့ကြောင့် မလာခိုင်းတာ"
"အင်း အင်း ငါနားလည်ပြီ"
"အေးဟာ ကူပြောပေးပါဦး။ ငါဖုန်းခေါ်တာလည်း မကိုင်ဘူး။ ငါ့ဖုန်းတွေကိုလည်း Black List ထဲ ထည့်ထားတယ်"
"အင်း ငါဖုန်းဆက်ပြီး ပြောလိုက်မယ်"
"အေးအေး ကျေးဇူးပါဟာ"
"အင်း"
သားသားတစ်ယောက် စိတ်မကောက်သင့်တာကို စိတ်ကောက်နေပြန်ပါပြီ။ ဘုန်းစစ်ပိုင်တစ်ယောက်လည်း တစ်ခုခု ဖြစ်ပြီဆိုတာနဲ့ ဖုန်းဆက်ပြီး အားကိုးတကြီး အကူအညီတောင်းရှာလေသည်။ သားသားကို ဖုန်းခေါ်ကြည့်တော့ ချက်ချင်း ဖုန်းကိုင်လေသည်။
"မမား"
"သားသား ဘုန်းစစ်ပိုင်ကို စိတ်ကောက်နေတယ်ဆို"
". . ."
"သူ့ခမျာ အလုပ်တစ်ဖက်နဲ့ သင်တန်းတစ်ဖက်နဲ့ နားချိန်တောင် ရှိရှာတာမဟုတ်ဘူး။ အဲ့ဒါကို ကျောင်းပိတ်ရက် သားသားလာတယ်ဆိုတာနဲ့ သူ့မှာ မုန့်လိုက်ဝယ်ကျွေးရတာနဲ့ သားသားသွားချင်တဲ့နေရာ လိုက်ပို့ပေးရတာနဲ့ ဘယ်လောက်တောင် အလိုလိုက်ခဲ့သလဲ။ ပင်ပန်းတယ်လို့ တစ်ချက်မငြီးငြူရှာဘူး။ သူ့ခမျာ သားသားလာမယ်ပြောတာနဲ့ ပျော်နေရှာတာ။ အဲ့လို လူက ခုတစ်ပတ် မလာခိုင်းတာ အလုပ်ကိစ္စ အရေးကြီးလို့လေ။ ဒါကို သားသားက နားလည်ပေးရမှာပေါ့"
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။