#Unicode
အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ လူကြီးနဲ့လင်းရာလည်း အရင်ကထက် ပိုခင်လာခဲ့သည်။
"မောင်လင်းရာတို့များ ဂစ်တာလေး တစ်ရက်လာသင်ပြီး နောက်နေ့ မလာတော့ဘူးနော်။ အဲ့လို သင်ယူချင်စိတ် အပြည့်ရှိတာ"
"လက်နာတယ်ကွ ထူးခြားရ။ ငါ့မှာ ဂစ်တာသင်ပြီး ပြန်လာတော့ လက်တွေက ပစ္စည်းတွေတောင် မကိုင်နိုင်တော့ဘူး"
"ဪ . . . အေးပါ။ ဂစ်တာသင်တာ လက်နာတယ်ဆိုတော့ . . . အေးအေး . . . ဂစ်တာတီးတတ်တဲ့သူတွေက လက်မနာဘဲ တတ်လာတဲ့အတိုင်း။ မသိရင် သူတစ်ယောက်ထဲ နာသလိုလို"
"ငါ မတီးတတ်ချင်တော့ဘူး"
"အင်း ကောင်းပါ့ ကောင်းပါ့"
လင်းရာကို ရွဲ့နေတဲ့ ထူးခြားကြောင့် ပြုံးမိရသည်။ တစ်ခုခုဆို လင်းရာထက် သူတို့က ပိုပြီး စိတ်အားထက်သန်ကြသည်။ စိတ်အားထက်သန်မှုက သူတို့ကိစ္စတွေမှာတော့မဟုတ် လင်းရာကိစ္စတွေမှာပင် ဖြစ်သည်။
စကားပြောနေတုန်းမှာ မမားဆီက ဖုန်းလာတော့ လင်းရာ အမြန်ကိုင်လိုက်ရသည်။ မမားက ဒီလိုအချိန်မျိုးမှာ ဖုန်းခေါ်တတ်သည် မဟုတ်။
"မမား"
"သားသား မမား အိမ်ပြန်လိုက်ဦးမယ်နော်"
"ဟင် ဗြုန်းစားကြီးပါ့လား မမား"
"ဟုတ်တယ် သားသား။ ဖေဖေ နေသိပ်မကောင်းဘူးပြောလို့"
"သားပါ ပြန်လိုက်ခဲ့မယ်လေ"
"နေ . . . နေ . . . သားသား။ အရမ်း နေမကောင်းတာမဟုတ်ဘူး ပန်းဖျား ဖျားတာ။ အရမ်းစိတ်ပူစရာမလိုဘူး။ သားသားက ကျောင်းပိတ်မှ ပြန်လာခဲ့နော်"
"ခုပြန်လိုက်ခဲ့လို့ မရဘူးလား မမကလည်း"
"ကျောင်းတက်ရဦးမယ်လေ။ ခုမှ တနင်္လာပဲ ရှိသေးတာ။ ကျောင်းအများကြီး ပျက်လို့မဖြစ်ဘူး။ ကျောင်းပိတ်မှလာခဲ့"
"ဟုတ်"
မမားနဲ့ ဖုန်းချပြီး ဖေဖေ့ကို ဖုန်းလှမ်းဆက်ရသည်။ မမားက လင်းရာ စိတ်ပူမှာဆိုးလို့ ပန်းဖျား ဖျားတယ်ဆိုပြီး ညာကောင်း ညာနိုင်ပေသည်။
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။