#Unicode
ကျောင်းပိတ်ရက်ရောက်တော့ လင်းရာ အိမ်ပြန်ရပေသည်။ ဖေဖေက သက်သာပြီလို့ ပြောပေမယ့် ဖေဖေ့ကို လွမ်းတာမို့ ပြန်ဖြစ်အောင် ပြန်ခဲ့တာပါ။ လူကြီးကတော့ ပြန်မယ်လို့ ပြောထဲက မှာလိုက်တဲ့ အမှာဆိုတာမနည်းပေ။
"ဘေဘီ ဟိုရောက်တာနဲ့ ကိုယ့်ကိုဖုန်းဆက်နော်"
"ဘေဘီ ဟိုရောက်တာနဲ့ ကိုယ့်ကို မေ့မသွားနဲ့နော်"
"ဘေဘီအားတာနဲ့ ဖုန်းဆက်နော်"
"ဘေဘီ ကိုယ့်ကို ဖုန်းဆက်လို့ အဆင်မပြေရင် မက်ဆေ့လေးတော့ ပို့နော်"
"ဘေဘီ ကိုယ့်ကို ခဏခဏ ဖုန်းမခေါ်ချင်ရင်တောင် မနက်တစ်ခါ နေ့ခင်းတစ်ခါ ညတစ်ခါ ဖုန်းခေါ်ပေးနော်"
"ဘေဘီ အမြန်ပြန်လာနော်"
သူပြောသမျှကို ခေါင်းငြိမ့်ပြီး ကတိတွေပေးခဲ့သလို လူကြီးဘက်က ခဏခဏ ဖုန်းမခေါ်ပါနဲ့လို့လည်း မှာခဲ့ရပေသည်။ လူကြီးဖုန်းခေါ်တဲ့အချိန် လင်းရာ ဖေဖေတို့မမားတို့နဲ့ ရှိတဲ့အချိန်ဆို မလွယ်ဘူးလေ။ ဒါ့ကြောင့်ပါ။
ဘေဘီက မနက်ထဲက ပြန်သွားတာ ခုပဲ ညနေရောက်နေပြီ ဖုန်းလေးတောင် တစ်ချက်မဆက်ပေ။ ရောက်ပြီဆိုလည်း ရောက်ပြီလို့ အကြောင်းကြားရမှာ မဟုတ်ဘူးလား။ ဒီကလူက သူပြန်သွားထဲက လမ်းမှာ တစ်ခုခုဖြစ်မှာကို စိတ်ပူနေခဲ့တာပါ။ ဒီကလေးက ခုထိ ဖုန်းတစ်ချက်ဆက်ဖော် မရပေ။ မနေနိုင်တဲ့အဆုံး စစ်ပိုင် ဖုန်းခေါ်ကြည့်တော့လည်း ဖုန်းမကိုင်ပါ။ နေနိုင်လိုက်တာ ဘေဘီရာ။
ကျွန်တော်တော့ ခင်လေးဝဋ်တွေကို ခင်လေးမောင်လေးနဲ့မှ လည်နေပြီထင်ပါရဲ့။
စစ်ပိုင် ခင်လေးနဲ့တွဲတုန်းကလည်း ဘေဘီ့လိုပင်။ တစ်နေရာရာ သွားပြီဆို စိတ်ပူတတ်သည့် ခင်လေးက သွားခါနီးတိုင်း အမှာစကားတွေ ပြောတတ်သည်။
"မောင် အိမ်ပြန်ရောက်တာနဲ့ ဖုန်းဆက်နော်။ ခင်လေးက မောင်ဒီကနေ စထွက်ထဲက ဟိုကို မရောက်မချင်း စိတ်ပူနေရမှာ။ ရောက်တာနဲ့ ရောက်ပြီဆိုတဲ့အကြောင်း ဖုန်းမဆက်နိုင်ရင်တောင် မက်ဆေ့လေးတော့ ပို့ပေးနော်"
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။