#Unicode
"မေမေ"
"ပြော"
"ကျွန်တော့်ဘွဲ့က သဘက်ခါ ယူရမှာ။ မေမေ ဘယ်တော့ လာမှာလဲ"
"နင့်အဖေ လာလိမ့်မယ်"
"ကျွန်တော့်ကို မိစုံဖစုံ မရှိဘဲ တစ်ခြမ်းပဲ့လေး မွေးလာတာမှ မဟုတ်တာ"
"နင့်ကို ငါနဲ့ ကင်းကင်းရှင်းရှင်းနေလို့ ပြောခဲ့ပြီးသား"
"မေမေရာ ဘွဲ့ယူတာနဲ့ လက်ထပ်တာက ဘဝမှာ အရေးအကြီးဆုံးပဲလေဗျာ။ ဘယ်လိုပဲ ကင်းအောင်နေနေ မေမေက အမေလေ။ ဘွဲ့ယူတဲ့ခဏတော့ မေမေလာပေးရမှာပေါ့။ အမေတစ်ယောက်ဖြစ်နေပြီး သားဘွဲ့ယူတာကို မလာလို့ရမလား"
"ငါလာဖို့ လိုအပ်လို့လား"
"မေမေက အမေလေ လိုအပ်တာပေါ့။ ကျွန်တော်က အမေမရှိတဲ့ကလေး မဟုတ်သလို ဖေဖေကလည်း မုဆိုးဖိုမှ မဟုတ်တာ"
"အဲ့နေ့ကြလည်း အဲ့ကလေးပါ ပါမှာမို့လား"
"ကျွန်တော့်ဘဝရဲ့ လက်တွဲဖော်ကတော့ ကျွန်တော့်ဘဝရဲ့ အရေးအကြီးဆုံး အခမ်းအနားကို သေချာပေါက် တက်ရောက်ရမှာပဲလေ။ ဒါကို မေမေ လက်မခံပေးလို့ မရဘူးလေ။ လက်ခံပေးရမှာပေါ့"
"အေး အဲ့တော့ သူနဲ့ပဲ ယူလိုက်ပေါ့"
"မေမေကလည်း ကျွန်တော့်အတွက် မပါမဖြစ်ကို အရေးကြီးတယ်လေ။ ဒီလို အရေးကြီးတဲ့နေ့မှာ ဘွဲ့ယူတဲ့အချိန်လေးကိုတော့ မိစုံဖစုံနဲ့ ယူရမှာပေါ့။ မေမေ ကလေးမဆန်ပါနဲ့"
"နင်ငါ့ကို သင်စရာမလိုဘူး"
"မေမေ အခု တအား ကလေးဆန်နေလို့ ပြောနေရတာ"
"အဲ့ကလေးနဲ့ ပတ်သက်နေသ၍ ငါ့အရိပ်နဲ့ ကင်းအောင်နေလို့ ငါပြောပြီးသား"
"သူကလည်း ကျွန်တော်ဘွဲ့ယူလို့ တကူးတကလိုက်လာတာမှ မဟုတ်တာ။ သူ့အစ်မလည်း ဘွဲ့ယူမှာမို့ လိုက်လာမှာလေ"
"အဲ့တာ နင်တို့ အပိုင်းလေ"
"မေမေ မလာရင် အဲ့ဘွဲ့ကို သားမယူဘူး"
"နင့် သဘောပဲ"
"ဘွဲ့ယူတဲ့နေ့ကြ မေမေလာတဲ့အထိ ကျောင်းရှေ့မှာ စောင့်နေမှာနော်"
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။