#Unicode
လူကြီးရဲ့ ဖိတ်ခေါ်မှုကြောင့် အလုပ်ရသွားပြီဖြစ်တဲ့ မမရဲ့ ရုံးပိတ်ရက်မှာ လူကြီးတို့အိမ်ကို လင်းရာနဲ့မမား လိုက်လာခဲ့ကြသည်။ လူကြီးရဲ့ဖွားဖွားနဲ့ တွေ့ရတော့မယ်ဆိုတော့ နည်းနည်းလေးတော့ ရင်ခုန်ရသည်ပင်။
ပေ၄၀×ပေ၆၀ လောက်ရှိတဲ့ ခြံထဲမှာ နှစ်ထပ်တိုက် အိမ်ကြီးက လှပစွာ နေရာယူထားလေသည်။ အိမ်ရှေ့တွင်လည်း အလှပန်းပင်လေးများနှင့် သစ်ခွပန်းပင်လေးများကို လှပစွာ တွေ့မြင်ရပေသည်။ အိမ်တံခါးဝရဲ့အရှေ့တည့်တည့် ခပ်လှမ်းလှမ်းမှာ သနပ်ခါးပန်းပင်လေးလည်း ရှိနေပေသည်။ သနပ်ခါးပန်းနံ့ သင်းသင်းလေးက အိမ်ကို အလည်လာသည့် သူတိုင်းရဲ့ ရင်ကိုအေးမြစေပြီး နွေးထွေးစွာ ကြိုဆိုနေသလိုပါပင်။
"လာ ခင်လေး။ ဘေဘီ လာလေ"
"ကြောက်လို့"
"မကြောက်ပါနဲ့ လာပါ။ ဖွားက ဘေဘီ့ကို ကိုက်မစားပါဘူး"
"လာလေ သားသားရဲ့"
မမားနဲ့ လူကြီးရဲ့ ဆွဲခေါ်မှုကြောင့် လင်းရာမှာ အိမ်ထဲကို တရွတ်တိုက်လေး ပါလာခဲ့ရသည်။
"လာ ကလေးတွေ။ ဖွားက မျှော်နေတာ"
"ဖွား သူက ခင်သစ္စာ"
"သမီးလေးက နာမည်လေးနဲ့လိုက်အောင်ကို မြန်မာဆန်ဆန်လေးနဲ့ လှလိုက်တာ"
"ကျေးဇူးပါ ဖွား"
ခင်လေးနဲ့ဖွားက ရယ်ရယ်မောမော နှုတ်ဆက်နေပေမယ့် ဘေဘီကတော့ စစ်ပိုင်ရဲ့ ကျောနောက်လေးမှာ လူကိုကွယ်ကာ ရပ်နေပေသည်။
"ဖွားမြေးလေးက ဘယ်ကို ကွယ်နေတာလဲ။ မျက်နှာလေး ဖော်ပြပါဦး ဖွားကို"
ဖွားရဲ့ စကားကိုကြားတော့ ဘေဘီ့က စစ်ပိုင်ကျောပြင်လေးနဲ့ ကွယ်နေရာက ခေါင်းလေးပဲ ထွက်လာကာ ဖွားကိုလှမ်းကြည့်လေသည်။
"အမလေး ဖွားမြေးလူချောလေးကလည်း လာပါ ဒီနားကို။ ဖွားက ကိုက်မစားပါဘူး"
ဖွားနောက်တစ်ကြိမ်ထပ်ခေါ်တော့မှ ကွယ်နေရာက ထွက်လာပြီး စစ်ပိုင်ဘေးမှာ လာရပ်လေသည်။
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။