#Unicode
ဘေဘီ့အခန်းရှေ့ရောက်တဲ့အချိန် ဖုန်းဝင်လာတာမို့ ကြည့်လိုက်တော့ ဘေဘီဖြစ်နေတာကြောင့် မကိုင်တော့ဘဲ အခန်းထဲကို ဝင်လိုက်သည်။
"ဘေဘီ . . . ကိုယ်ဒီမှာ"
"အာ . . . လူကြီး။ ကျွန်တော်က လူကြီးကို ဖုန်းခေါ်နေတာ"
"အင်း"
"လူကြီး . . . ဒီနာလေး ခဏလာဦး"
ဘေဘီက သူ့ဘေးနားလေးကို လက်ကလေးပုတ်ပြပြီး ခေါ်နေတာမို့ အနားမှာ ဝင်ထိုင်လိုက်သည်။
"မနေ့က မမားရိုက်တာ အရမ်းနာသွားတယ်မို့လားဟင်။ အချိုးရာတွေ ဘာတွေရော ထင်သေးလား။ ဘယ်နား နာနေလဲ ကျွန်တော့်ကိုပြ"
"အရမ်းတော့ မနာတော့ပါဘူး ဘေဘီရဲ့"
"ဟုတ်လို့လား"
ဆတ်ခနဲ စစ်ပိုင်ရဲ့လက်ကိုဆွဲယူပြီး အင်္ကျီလက်ကို ဆွဲတင်ကာ လှန်လှော ကြည့်လေသည်။ ထို့နောက် ခါးက အင်္ကျီစကို ဘေဘီက ဆတ်ခနဲ ဆွဲလှန်လိုက်တော့ ကိုယ့်မှာ မျက်လုံးပြူးသွားရသည်။ စကားတွေတောင် အထစ်ထစ် အငေါ့ငေါ့ အဆင်မချောတော့။
"ဘေ . . . ဘေ. . .ဘေဘီ"
"လူကြီး ဗိုက်ဘေးမှာ အချိုးရာတွေ"
"အင်း ကိုယ်လက်မြှောက်မိလိုက်တဲ့အချိန်နဲ့ ခင်လေး အားကုန်လွှဲရိုက်လိုက်တဲ့အချိန်နဲ့ ကွက်တိကျသွားလို့ပါ။ အဲ့နေရာလေးပဲရှိတာ။ ကျန်တဲ့နေရာ မရှိဘူး"
"ဟင် ကျွန်တော့်မှာလည်း Voltax နဲ့ လင်ဇီးတွေပဲရှိတယ်။ ဘယ်လိုလုပ်ပါ့။ ဆရာခိုလည်းရှိတယ် လိမ်းပေးရမလား"
"ဟာကွာ ရပါတယ်။ မလိမ်းလည်းရတယ်"
"မရပါဘူး အချိုးရာကြီး ထင်နေတာကို"
အချိုးရာကို လက်ကလေးနဲ့ ဖွဖွလေးတို့ထိလိုက် မျက်နှာလေးရှုံ့မဲ့သွားလိုက် ဖြစ်နေတဲ့ ကလေးကို ကြည့်ပြီး ကိုယ့်မှာ အူယားနေရသည်။
"ဒီလိုလုပ်"
"အင်း"
"အချိုးရာပေါ်ကို ဆရာခိုလူးပေးပြီး တခြားနာနေတဲ့ နေရာတွေကို Voltax လူးပေးလိုက်မယ်။ ဘောလုံးကန်ထားတာဆိုတော့ ကြွက်သားတွေလည်း နာနေမှာလေ နော်"
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။