#Unicode
ဒီနေ့ ကျောင်းမှာ Trade Welcome နဲ့ ထမနဲပွဲရှိတာကြောင့် မမားနဲ့လင်းရာ ကျောင်းကို စောစောရောက်လာခဲ့ကြသည်။ Together ကိုဝင်တော့ မမားသူငယ်ချင်းတွေက ရောက်နှင့်နေကြပြီဖြစ်သည်။
"သစ္စာ . . . သားသား မမတို့ဒီမှာ"
"လာသားသား"
မမားသူငယ်ချင်းတွေက လင်းရာကို မမားခေါ်သလို သားသားဟုသာ ခေါ်ကြပါသည်။
"သားသား မမနွယ့်နားကိုလား။ သားသားကြိုက်တဲ့ ကြက်ဥလိပ် လုပ်လာခဲ့တယ်"
"တကယ်လား မမနွယ်"
"တကယ်ပေါ့ရှင်"
"နွယ်တို့ကတော့နော် ငါ့မောင်လေးကို မုန့်နဲ့မြူစွယ်နေပြီ"
"အမလေး ဒေါ်သစ္စာ ကျုပ်တစ်သက်လုံး ကလေးမထိန်းနိုင်ပါဘူးနော်။ ဒါလေးကို ကျုပ်က မောင်လေးလိုချစ်တာ။ မေမေ့ကို ဓာတ်ပုံလေးပြလိုက်တော့ မေမေက အိမ်လည် ခေါ်ခဲ့ပါဦးတဲ့လေ။ သားသား ဘာကြိုက်တတ်လဲ မေမေ လုပ်ပေးလိုက်မယ်ဆိုလို့ ကြက်ဥလိပ် ကြိုက်တယ်ပြောလိုက်တာ ဒီမနက်စောစော ထလုပ်ပေးလိုက်တာအေ့။ ကျုပ်တောင် မနာလိုဖြစ်သွားရတယ်"
နွယ်တို့မိသားစုက သားယောင်္ကျားလေး အရမ်းလိုချင်ကြတာပါ။ ခက်တာက နွယ့်မေမေက နွယ့်ကိုမွေးပြီးတော့ ကလေးထပ်မရတော့ပေ။ နွယ်တို့က ညီအစ်မချည်းပဲ လေးယောက်ရှိပြီး နွယ်က အငယ်ဆုံးပါ။ သားသားကို ပထမဆုံးမြင်ဖူးထဲက နွယ်က သိပ်ချစ်ခဲ့တာ။ ဓာတ်ပုံလေးပဲ မြင်ဖူးထဲက ခင်လေးပြန်တဲ့အချိန်တိုင်း သားသားအတွက် လက်ဆောက်လေးတွေ တကူးတက ထည့်ပေးနေကြပေါ့။
"Welcome ပြီးတဲ့နေ့ကြ နွယ်တို့အိမ်ကို အလည်လိုက်ခဲ့မယ်လေ"
"Ok ပါ ဒေါ်သစ္စာ"
"ငါတို့စားပြီးရင် သားသားကို အရင် မိတ်ကပ် လိမ်းပေးရအောင် နွယ်"
"အေး လုပ်လေ။ သားသားက ဘာအရင်ကရမှာလဲ။ သူငယ်တော်လား၊ ယောင်ပေစူးလား"
"သူငယ်တော်မမ"
"သူငယ်တော်ဆို အဆင်ပြေတယ် သစ္စာ။ သူငယ်တော်မိတ်ကပ်ပဲ လိမ်းပေးလိုက်။ ယောင်ပေစူးကတဲ့အခါမှ အဲ့ပါးနီဝိုင်းဝိုင်းလေးပေါ်ကို သနပ်ခါးဝိုင်းဝိုင်းလေး ထပ်တင်လိုက်ရင်ရတယ်"
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။