#Unicode
"လင်းရာ"
"ဟင်"
"ကျောင်းကို မမခင်လေးနဲ့ လိုက်မှာမို့လား"
"ဘာလို့လဲ"
"မမခင်လေးနဲ့ မလိုက်ဘူးဆိုရင် ငါ့ဆိုင်ကယ်ကို မင်းအတွက် ထားခဲ့ပေးမလို့"
"မမားနဲ့လိုက်မှာ"
"အင်း ပြီးရော အဲ့တာဆို ငါသွားနှင့်မယ်"
"အစောကြီး ရှိသေးတယ်လေ"
"အင်း"
လင်းရာ အိပ်ချင်နေသေးသဖြင့် ပြန်ဆက်အိပ်လိုက်သည်။ မအိပ်ခင် နာရီကြည့်လိုက်တော့ မနက် ၆နာရီသာခွဲသေးသည်။ ဒီကောင် အစောကြီး ကျောင်းကို ဘာသွားလုပ်ပါလိမ့်။
သာထူးအဆောင်ကနေ ထွက်လာပြီး ထူးခြားတို့အဆောင်မှာ ထူးခြားကိုဝင်ခေါ်တော့ အဆောင်ရှေ့ အုတ်ခုံလေးမှာ ထူးခြားက အဆင်သင့် ထိုင်စောင့်နေလေသည်။ ထူးခြား အနားမှာ ဆိုင်ကယ်ကို ကပ်ကာ ရပ်လိုက်သည်။
"သွားမယ်လေ"
"ဟို ဆိုင်ကယ်ကို ငါ . . . ကိုယ် . . .အာ . . . ဟို ဟာ. . . ကိုယ်မောင်း ရမလား"
စကားတွေ အ'ထစ်ထစ် အ'အအနဲ့ ငါတွေရော ကိုယ်တွေရော ရှုပ်ကာ ပြောနေသည့် ထူးခြားကိုကြည့်ပြီး သာထူး ရယ်ချင်သွားသည်။
"ငါချင်လည်း ငါလိုက်။ ကိုယ်ချင်လည်း ကိုယ်လိုက်။ ဘယ်ဟာသုံးလို့ သုံးရမှန်းမသိ ဖြစ်နေပြီး ရှက်မနေနဲ့။ အရင်အတိုင်းပဲ ပြောချင်လည်း ပြောလို့ရတယ်။ ချစ်သူတွေ ဖြစ်သွားပေမယ့် ဘာမှ ပိုထူးမသွားဘူး"
"အင်း"
ချစ်သူတွေဖြစ်သွားတော့ သာထူးက ပိုအနေရ ခက်လိမ့်မယ်လို့ ထင်ထားပေမယ့် တကယ်တမ်း ပိုအနေရ ခက်နေသူက ကိုယ်ပါ။ ကိုယ့်မှာ သာထူးကို မြင်တာနဲ့တင် စိတ်က ရှိန်းတိန်း ဖိန်းတိန်းဖြစ်ပြီး ရှက်ကို့ ရှက်ကန်းတွေဖြစ်နေရသည်။
တကယ်တော့ သာထူးပြောသလိုပါပဲ ချစ်သူတွေဖြစ်သွားတယ်ဆိုတာနဲ့ ဘာမှ ပိုထူးခြားသွားတာမဟုတ်ပေ။ အရင်လိုပဲ အရင်အတိုင်း နေမြဲနေလို့ရသည် မဟုတ်ပါ့လား။ ဒါကို ကိုယ်က ဘာလို့ ရှက်နေရပါသလဲ။
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။