#Unicode
"ဟဲလို လင်းရာ"
"အေး ထူးခြား ပြော"
"မင်းတို့ ကျောင်းမလာကြသေးဘူးလား"
"သာထူးနေမကောင်းလို့ ကျောင်းမလာတော့တာ"
"ဟင် ဘယ်လိုဖြစ်တာလဲ"
"မနေ့က မိုးရွာထဲ ဘောလုံးကန်ခြင်းရဲ့ အကျိုးကျေးဇူးလေ။ ခုတော့ အဖျားတွေ တုန်တက်နေတာ။ ငါရေပတ်တိုက်ပေးနေရတယ်"
"ငါ လာခဲ့မယ်"
"မင်း ကျောင်းရောက်နေပြီမို့လား"
"ရောက်တော့ ရောက်နေပြီ။ ဒါပေမဲ့ ပြန်လာခဲ့မယ်"
"အေးအေး သဘော"
ဖုန်းဆက်ပြီး သိပ်မကြာခင်မှာဘဲ ထူးခြားက အဆောင်ကို ရောက်လာလေသည်။
"ထူခြား မင်း သာထူးကို ပြောဦး။ အဖျားတွေ ဒီလောက်တက်နေတာ ဆေးခန်းသွားမယ် ပြောတာကို မသွားဘူးဘဲ လုပ်နေတယ်။ မင်းပြောကြည့်ဦး"
"အေးအေး"
သာထူးအခန်းထဲကို ဝင်လာပြီး အိပ်ရာလေးပေါ် စောင်ခြုံကွေးနေတဲ့ သာထူးနဖူးပေါ် လက်တင်ကြည့်လိုက်တော့ ကိုယ်တွေက ခြစ်ခြစ်တောက်ကို ပူလို့။ ဒီကောင်လေး ဆေးခန်းမသွားလို့ မရပါဘူး။ ဆေးခန်းသွားပြီး ဆေးလေးထိုးလိုက်မှ သက်သာမှာပါ။
"သာထူး ဟျောင့် ထစမ်း။ ဆေးခန်းသွားမယ်"
"မသွားချင်ဘူး"
"မသွားချင်လို့ မရဘူး။ ထစမ်း"
အိပ်နေတဲ့သာထူးကို လက်ကဆွဲမပြီး ငုတ်တုတ် ထိုင်တဲ့အထိ ဆွဲထူလိုက်တော့ ပျော့ခွေကာ ပါလာရှာသည်။ ထူးခြား လုပ်သမျှကို လင်းရာက ဘေးကနေ လက်ပိုက်ပြီးသာ ရပ်ကြည့်နေလေသည်။
"ညင်ညင်သာသာ ကြင်ကြင်နာနာ လုပ်ပါကွာ။ ငါလူမမာပါဟ"
"အေး လူမမာမို့ ဒီလောက် ညင်သာထားတာ"
"ဘယ်ဆေးခန်း သွားမလို့လဲ"
"သွားနေကြ ဆေးခန်းပေါ့ကွ"
"အဲ့ဆရာမက လာသမျှလူကို အဲ့ဒီဆေးပဲ ထိုးပေးပြီး အဲ့ဒီသောက်ဆေးပဲ ပေးနေတာ။ ငါအလွတ်တောင်ရနေပြီ။ ဘာရောဂါဖြစ်လို့ လာလာ ပိုးသတ်ဆေးတွေပဲ ထည့်ပေးနေတာ"
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။