Part 33 (U+Z)

5.1K 426 44
                                    

#Unicode

. . . . . ကိုယ် . . သူသိအောင် ပြောဖို့ရန်ခက်တယ် သူ . . မျက်ဝန်းမှာ မမြင်ချင်ပါ မျက်ရည်တွေ ပြောဖို့ရန်ခက်တယ် ဝေးရမယ့် အဖြစ်ကို သူ . . မသိစေချင် . . . ကိုယ် . . ရယ် မင်းရယ် မနီးစပ်နိုင်တဲ့ ကမ္ဘာ အို . . သူနားလည်အောင် ကိုယ်ဘယ်‌လိုပြောမလဲ အဆုံးသတ်ကို မသိစေချင် ကိုယ့် . . အဖြစ်ကို မသိစေချင် . . ခက်ပါတယ် . . .

. . . . . သူ . . ပျော်နေပါစေ . . . လေ . .  ကိုယ် . . နာကျင်နေလည်း . . ပဲ . . . သူ . . ပျော်နေပါစေ . . . လေ . .  ကိုယ် . . နာကျင်နေလည်း . . ပဲ . . . သူ . . ပျော်နေပါစေ . . . . .

. . . . . အို . . မျက်ဝန်းနဲ့ နှလုံးသား သိနားလည် ကံကြမ္မာကို အပြစ်မမြင် နာကျင်သူ ကိုယ်ပဲဖြစ်ချင် မင်း . .နာလည်မှုတွေ ကိုယ့်ရဲ့အိပ်မက် . . အပြင်ကို . . သွားပါကွယ် . . . . သူ . . ပျော်နေပါစေ . . . လေ . .  ကိုယ် . . နာကျင်နေလည်း . . ပဲ . . . သူ . . ပျော်နေပါစေ . . . လေ . .  ကိုယ် . . နာကျင်နေလည်း . . ပဲ . . . သူ . . ပျော်နေပါစေ . . . . .

ကန်တင်းမှာ နောက်ဆုံးနှစ်က ကိုကြီးက ဂစ်တာတီးပေးသည်မို့ ထူးခြားက သီချင်းဆိုနေလေသည်။

အယ်လ်နောင်းရဲ့ သူပျော်နေပါစေ ဆိုတဲ့ သီချင်းကို ဆိုနေတဲ့ တစ်တောက်လျှောက်လုံး ထူးခြားက ကိုယ့်ကိုပဲ ကြည့်ကာ ဆိုနေခဲ့လေသည်။ ဒီကောင် ဘာလို့ ငါ့ပဲ ကြည့်ပြီး ဆိုနေပါလိမ့်။ သီချင်းဆုံးသွားတော့ မျက်စိတစ်ဖက်ပါ မှိတ်ပြလေသည်။

"အားးးးး ထူးခြားကောင် ဘာလို့ သီချင်းဆိုတာ ငါ့ကိုပဲ ကြည့်ဆိုနေတာလဲ။ ဘာလို့ မျက်စိလာမှိတ်ပြတာလဲ ခွေးကောင်ရဲ့။ အသဲတွေယားလိုက်တာကွာ"

"မင်း ရင်ခုန်သွားတာလား"

"ချီးကို ရင်ခုန်ရမှာလား။ တွေးပြီးကြောက်လာတာ မင်းကို"

"ဘာကို ကြောက်"

"ငါ့များ ကြိုက်နေတာလားဆိုပြီး ဟားဟားးးးး"

ငါမင်းကို တကယ်ကြိုက်နေခဲ့တာပါ သာထူးရာ။ ငါကြိုက်နေတယ်ဆိုရင် ရယ်စရာကောင်းနေမလား။ ငါကြိုက်နေတယ်လို့ ဖွင့်ပြောခဲ့ရင်ရော မင်းခုလို ရယ်နေနိုင်မှာလား။ ဟားးးးး မင်းရိုးသားလွန်းတာ ငါသိတာမို့ ဖွင့်ပြောဖို့ဆိုတာလည်း မဖြစ်နိုင်တော့ပါဘူး သာထူးရာ။

မြတ်နိုးစွာ နှောင်ဖွဲ့မိသောWhere stories live. Discover now