Part 5 (U+Z)

7.6K 555 56
                                    

#Unicode

ဒီနေ့က ဒီဇင်ဘာ ၃၁ Happy New Year နေ့ပါ။

ထို့ကြောင့် ညနေလေးနာရီမှာ မမားသူငယ်ချင်းတွေနဲ့ လင်းရာသူငယ်ချင်းတွေကို ကြယ်စင်မှာ ကြေးအိုး လိုက်တိုက်ရပေမည်။ မနေ့က လင်းရာ All King ရတဲ့အတွက် ဒီနေ့လိုက်ကျွေးခြင်းပါ။ ကြယ်စင်ကြေးအိုးဆိုင်က ဦးပါရဲစေတီတော်နားက ဂုန်းဆင်းလေးမှာ ရှိတာပါ။

ဧရာဝတီမြစ်ကမ်း နဖူးပေါ်တွင် တည်ရှိသည့် ဦးပါးရဲ‌စေတီတော် ဆိုသည်မှာ ဟင်္သာတမြို့၏ တန်ခိုးကြီးစေတီတော်ထဲက စေတီတစ်ဆူ အပါအဝင် ဖြစ်သလို အထင်ကရ နေရာတစ်ခုလည်းဖြစ်ပေသည်။

ညနေချိန်များတွင်ဆိုလျှင် မိသားစုတွေ၊ ချစ်သူစုံတွဲတွေ၊ သူငယ်ချင်းတွေ၊ ကျောင်းသူ ကျောင်းသားတွေ လာရောက်ပြီး ဘုရားဖူးကြရင်း အေးချမ်းလှတဲ့ ရင်ပြင်တော်ပေါ်မှာ လာရောက်အနားယူကြပြီး စိတ်အပန်းဖြေလေ့ ရှိကြသည်။

စေတီတော်ကြီး၏ ခြေတော်ရင်း ဘုရားပြသာဒ်ဆောင်ထဲတွင် လူကြီးများ ဘုရားရှိခိုး တရားထိုင်သလို ရင်ပြင်တော်ပေါ်တွင်လည်း ကလေးများ ပြေးလွှားဆော့ကစားကြပေသည်။

ဦးပါရဲ‌စေတော်၏ မြစ်ကမ်းနဖူးပေါ်တွင် ဈေးဆိုင်တန်းများလည်း ရှိသလို စေတီတော်ဘေး မြစ်တစ်ဖက်ကမ်းတွင်လည်း ဈေးဆိုင်လေး ရှိပါသေးသည်။ ထိုဈေးဆိုင်လေးနှင့် စေတီတော်ကို တံတာလေး တစ်ခုထိုးပေးထားသည်။ ဈေးဆိုင်လေး၏ဘေးတွင် ပြောင်းဖူးခင်း၊ ဂေါ်ဖီခင်း နှင့် တခြားအသီးအရွက် အများအပြားလည်း စိုက်ပျိုးထားပေသည်။

ညနေဘက် အချိန်များတွင် စွန်လွှတ်လာကြသူများ ရှိသလို မုန့်ဈေးတန်းသို့ လာရောက် စားသောက်ကြသည့် သူများလည်းရှိသည်။ အေးချမ်းလှတဲ့ ထိုနေရာလေးကို ညနေနှင့်ညဘက်များတွင် လူတော်တော်များများ လာရောက် အပန်းဖြေကြလေသည်။

ကြယ်စင်ကြေးအိုးဆိုင်က ဦးပါရဲစေတီတော် အနီးတွင် ရှိသလို ကြယ်စင်ရဲ့အရှေ့မှာ တာလမ်းမကြီးရှိပြီး တာလမ်းမကြီးရဲ့ဘေးမှာတော့ ဦးပါရဲကန်ဘောင်နှင့် ကလေးကစားကွင်းတည်ရှိပါသည်။ ဦးပါရဲကန်ဘောင်ဆိုတာ ရန်ကုန်မြို့ရဲ့ အင်လျားကန်ဘောင်လိုပင်။ ကန်ဘောင် အစမှ အဆုံးထိ အမိုး မိုးထားသည့် ထိုင်ခုံတန်းလေးများက ဆယ်ပေခြားတစ်ခုစီ ရှိပေသည်။

မြတ်နိုးစွာ နှောင်ဖွဲ့မိသောWhere stories live. Discover now