#Unicode
"လင်းရာ"
"ဟင်"
"ခုရက်ထဲ သာထူးက ငါတို့နဲ့ သိပ်ပြီး အတူမရှိသလိုပဲနော်"
"အင်း မင်းလည်း သတိထားမိတယ်လား"
"အင်း သတိထားမိတာပေါ့။ ငါက ချစ်ရတဲ့သူကိုး"
"အင်း ငါလည်း သတိထားမိနေတာ ငါးရက်လောက်ရှိပြီ။ ဒီကောင် ငါတို့နဲ့လည်း လာမထိုင်ဘူး။ ထမင်းလည်း တူတူမစားဘူး။ ကျောင်းလည်း တူတူမပြန်ဘူး။ ဘာဖြစ်နေတယ် မသိဘူး"
"မင်းကိုရော အဆောင်မှာတွေ့ရင် စကားပြောလား"
"အင်း ပြောတော့ ပြောတယ်"
"ဒါဆို ငါ့ကြောင့်များလား"
"ဘာလို့ အဲ့လိုထင်ရတာလဲ"
"ငါ့ကို ရှောင်နေတာများလားလို့"
"မင်းတို့ ဒီကြားထဲ ဘာဖြစ်ထားလို့လဲ"
"ဟင့်အင် ဘာမှမဖြစ်ပါဘူး"
"အေးလေ အဲ့ဒါဆို မင်းကြောင့် မဟုတ်လောက်ပါဘူး။ သူနေမကောင်းတုန်းကတောင် မင်းတို့ ခေါ်ခေါ်ပြောပြောနဲ့ အဆင်ပြေကြသေးတာပဲဟာ"
"ငါ့စိတ်ထဲ ငါ့ကို ရှောင်နေတယ်လို့ ခံစားနေရလို့"
"သူစိတ်ချမ်းသာအောင် ခဏလွှတ်ထားပေးပြီး မသိချင်ယောင်သာ ဆောင်နေလိုက်ပါကွာ။ နောက်တော့ သူ့ဘာသူ အဆင်ပြေသွားလိမ့်မယ်"
"အင်း"
ဘာတွေဖြစ်နေလို့လဲ သာထူးအောင်။ ငါ့နဲ့ဝေးရာမှာ နေချင်လောက်အောင် ငါ့အနားမှာ နေရတာ အဆင်မပြေလို့လား။ ငါ့အချစ်ကြောင့် မင်းစိတ်ရှုပ်နေရလို့လား။ ငါနဲ့ အတူရှိရတာ မင်းအတွက် စိတ်ကျဉ်းကြပ်စရာ ဖြစ်နေလား။ မင်းအဆင်ပြေဖို့ ငါရှောင်ပေးရမလား။ ဒါမှမဟုတ် ငါ့ခံစားချက်တွေကို မျက်ကွယ်ပြုပြီး မြိုသိပ်လိုက်ရမလား။ ငါ ဘာလုပ်သင့်လဲ။
မင်းကို ဆက်မချစ်ဖို့ဆိုတာလည်း ငါ့အတွက် မဖြစ်နိုင်ဘူး။ ဒါဆို ငါ့ခံစားချက်တွေကို တံခါးပိတ် သော့ခတ်လိုက်ပြီး ငါတို့အရင်လို အရမ်းချစ်တဲ့ သူငယ်ချင်းအဖြစ် အရင်နှီးဆုံး ပြန်နေလို့ရဦးမလား။ ဒါရော ဖြစ်နိုင်ပါ့မလား။ ငါတော့ မင်းကြောင့် အတွေးတွေများပြီး ရူးတော့မယ် သာထူးအောင်။
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။