Part 7 (U+Z)

7.1K 545 23
                                    

#Unicode

ဒီနေ့ စစ်ပိုင်တို့အဖွဲ့ ပထမနှစ်MPခန်းရှေ့က ဖြတ်‌သွားတော့ ခါတိုင်းလို ပြတင်းပေါက်နားမှာ လင်းရာကို မတွေ့ရတော့ပေ။ စစ်ပိုင် စ'လွန်းအားကြီးလို့ ပြတင်းပေါက်နေရာက ရွှေ့ထိုင်လိုက်တဲ့ပုံပါပဲ။

အခန်းထဲကို ဝေ့ဝဲကြည့်ပြီး ရှာ‌လိုက်တော့ အခန်းရဲ့နောက်ဆုံးတန်း နံရံထောင့်လေးမှာကပ်ပြီး ခေါင်းငုံ့ကာ တစ်ခုခုကို အာရုံစူးစိုက်နေတဲ့ပုံပင်။ အခန်းထဲမှာ ဆရာမ ရှိ မရှိ သေချာကြည့်ပြီး မရှိတာသေချာပြီဆိုတော့မှ အခန်းထဲကို စစ်ပိုင် ဝင်လိုက်သည်။

အခန်းရဲ့နောက်ဆုံးတန်း နံရံထောင်လေးမှာ ကပ်နေတဲ့ ကလေးပေါက်အနားကိုသွားပြီး ရပ်ကြည့်လိုက်တော့ ခဲပန်းချီဆွဲနေတာပင်။ ဖုန်းလေးကိုကြည့်လိုက် ဆွဲလိုက်နဲ့ ဈာန်ဝင်နေသည်မို့ အနားကို လူရောက်လာတာကိုတောင် သတိထားမိပုံ မပေါ်ပေ။ ပုံကိုသေချာ စိုက်ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက် ရယ်နေသည့်ပုံပါ။ ထိုကောင်မလေးက MPရဲ့ တစ်ဦးတည်းသော ကောင်မလေးပင်။

စစ်ပိုင်ရင်ထဲတွင် အလိုမကျ ဖြစ်သွားရသည်မို့ လင်းရာပုံဆွဲနေသည့် စာအုပ်ကို ဆွဲယူလိုက်မိသည်။

လင်းရာပုံဆွဲနေတုန်းမှာ စာအုပ်ကို ဆွဲယူခံလိုက်ရတာကြောင့် ဆွဲလက်စ ခဲတံက စာအုပ်ကို ခြစ်မိသွားသည်မို့ စိတ်တိုသွားရသည်။

"ဘာလုပ်တာလဲ"

စိတ်တိုတိုနဲ့အော်ရင်း မော့ကြည့်လိုက်တော့ ဟိုလူကြီး။ ဒီလူကြီး နည်းနည်းတော့ များနေပြီ။

"ခင်ဗျား ဘာလုပ်ပြန်ပြီလဲဗျာ"

"ဘာပုံဆွဲနေလဲလို့ ယူကြည့်တာလေ"

"ဒီတိုင်းကြည့်လည်း မြင်နေရာကိုဗျာ။ မပြောမဆိုနဲ့ ဆွဲယူရလားဗျ။ ပုံကို ခဲတံနဲ့ခြစ်မိသွားပြီ"

"ခဲဖျက်နဲ့ ပြန်ဖျက်လိုက်လေ"

"ဖျက်ရတာလွယ်ပေမယ့် အရာတော့ ထင်ကျန်နေခဲ့ဦးမှာပဲလေ။ အကောင်းအတိုင်း လှလှလေးတော့ မဖြစ်တော့ဘူးပေါ့။ ဒါကို ခင်ဗျားလိုလူမျိုးက ခံစားတတ်မှာ မဟုတ်ဘူး"

မြတ်နိုးစွာ နှောင်ဖွဲ့မိသောWhere stories live. Discover now