#Unicode
ဘာလိုလိုနဲ့ First Semester လည်း ပြီးသွားခဲ့ပြီမို့ ကိုယ်စီကိုယ်စီ အသီးသီး အိမ်ပြန်ခဲ့ကြရသည်။ ကျောင်းပိတ်ရက်များမှာ မမားနဲ့လင်းရာက ဖေဖေ့အလုပ်ကို ဝိုင်းကူးပေးရသည်။
ဆန်စက်နဲ့ဆီစက် အပြိုင်လည်နေတဲ့ ဖေဖေက လင်းရာတို့ ကျောင်းတက်ချိန်ဆိုလျှင် မနားရတော့ပေ။ ဒီကြားထဲ အိမ်မှာ ဓာတ်မြေဩဇာလည်း ရောင်းသည်မို့ ဖေဖေ့အတွက် နားချိန်သိပ်မရှိခဲ့။ အစ်ကိုဝမ်းကွဲတွေက ကူပြီးလုပ်ပေးလို့သာတော်သေးသည်။
ဓာတ်မြေဩဇာဖိုးတွေ သွားတောင်းရသည့်အခါတိုင်း မမားနောက်ကို လင်းရာမလိုက်ချင်ပါ။ တချို့က ဒီနေ့သွားတောင်လျှင် နောက်နေ့ပေးမည်ပြောပြီး နောက်နေ့သွားတောင်လျှင် နောက်နေ့သို့ ထပ်ရွှေ့ကြသည်။
ထိုအခါမျိုးတွင်ဆို မမားက ဘယ်သူ့မျက်နှာမှ မထောက် အေးအေးဆေးဆေး စကားဖြင့် နာအောင်ပြောတတ်သည်။ ထိုအချိန်တိုင်း အပြောခံရသည့် တစ်ဖက်လူကို လင်းရာ အရမ်းအားနာရသည်။ ထို့ကြောင့် မမားအကြွေးတောင်းသွားမည်ပြောလျှင် လင်းရာ ပတ်ပြေးနေတတ်သည်။ တစ်ဖက်က မရှိလို့ မပေးနိုင်တဲ့အပေါ် မမားထိုသို့ပြောလျှင် သနားလည်း သနားသလို အားလည်းအားနာရသည်။ နောက်မတွေ့ရမည့် သူတွေလည်းမဟုတ် မျက်နှာပူရသည်။
သင်္ကြန်တွင်း မမား တရားစခန်းဝင်တော့ လင်းရာ အိမ်ထဲက အိမ်ပြင်မထွက် ဂိမ်းထိုင်ဆော့ဖြစ်ခဲ့သည်။ ဖေဖေက လင်းရာကိုပါ တရားစခန်းလိုက်ဝင်ဖို့ ပြောပေမယ့် မနက်အစောကြီး အိပ်ယာထရမှာကို တွေးပူပြီး မဝင်ဖြစ်ခဲ့ပေ။ မနက်စောစော အိပ်ရာထရမှာကို သေမလောက်ကြောက်ပါသည်။
ကျောင်းပြန်တက်ရခါနီးပြီ ဖြစ်တာကြောင့် ဖေဖေက မမားနဲ့လင်းရာအတွက် လိုအပ်တာလေးတွေ ဝယ်ပေးရန် ရန်ကုန်ကို လိုက်ပို့ပေးခဲ့သည်။
"ဖေဖေ"
"ဟေကွာ"
"ခင်လေးတို့ ရွှေဘုံသာအလယ်လမ်းက ဟနီဖာမျက်မှန်ဆိုင်ကို ဝင်ရအောင်"
"ဘာလို့လဲ သမီး"
"သားသားက အဝေးကိုကြည့်ရတာ ဝါးနေလို့တဲ့ဖေဖေ။ ကျောင်းပြန်တက်ရင် စာသင်တဲ့အခါကြ မမြင်ရင် အဆင်မပြေဘူး။ မျက်မှန် ဝင်လုပ်ပေးမလို့"
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။