#Unicode
မနက်ဘက် ကျောင်းသွားတော့ လင်းရာတို့ တစ်ဖွဲ့လုံး ဆေးရုံကို ဝင်ခဲ့ကြသည်။ ဆေးရုံရောက်တော့ ကုတင်လေးပေါ်မှာ လူကြီးတစ်ယောက်ထဲ ငုတ်တုတ်ထိုင်နေရှာသည်။
"လူကြီး တစ်ယောက်ထဲလား"
"အင်း"
"ကိုကြီးချမ်းမြေ့တို့ရော"
"မနက်စာ သွားဝယ်တယ်"
"ဪ . . . ဒဏ်ရာရော သက်သာရဲ့လား"
"အင်း သက်သာပါတယ်"
"လူကြီးတော့ အနာပျောက်သွားရင် အနားရွတ်ကြီး ကျန်ခဲ့ပြီး ရုပ်ဆိုးတော့မှာပဲ"
"ကိုယ်ရုပ်ဆိုးရင် ဘေဘီက မချစ် . . . "
"လူကြီး မျက်နှာ သစ်ပြီးပြီလား"
"အင်း ပြီးပြီ"
လူကြီးရဲ့ နောက်ဆက်တွဲ စကားလုံးကို သိသည်မို့ စကားကို အမြန် ဖြတ်ပြောလိုက်ရသည်။ သာထူးနဲ့ထူးခြားတို့လည်း အနားတွင် ရှိနေသည်မဟုတ်ပါလား။
"ကိုကြီးစစ်ပိုင် ဆေးရုံဘယ်နေ့ဆင်းရမှာလဲ"
"ဘာမှတော့ မပြောသေးဘူးကွ။ သိပ်တော့ မကြာလောက်ပါဘူး"
"အင်း အကြာကြီး မနေရရင် တော်သေးတာပေါ့"
"အင်း နှာခေါင်းပေါ်က အနာလေးပဲ ရှိတာဆိုတော့ သိပ်တော့ မကြာလောက်ဘူးထင်တာပဲ"
"အင်း. . . "
လင်းရာတို့ရောက်ပြီး သိပ်မကြာခင်မှာဘဲ ကိုကြီးချမ်းမြေ့တို့ ပြန်ရောက်လာလေသည်။
"စစ်ပိုင် မနက်စာ စားရအောင်။ ငါ ပေါ့စိမ့်နဲ့ ပေါက်စီ ဝယ်လာခဲ့တယ်"
"ကလေးတွေလည်း ရောက်နေတယ်"
"ကလေးတွေဖို့တော့ ပါမလာဘူး။ သူတို့လာမယ်မှန်းမှ မသိတာ"
"ကျွန်တော်တို့လည်း မစားပါဘူးဗျာ။ ကျောင်းရောက်မှ စားမှာပါ။ ကျောင်းကိုသွားတုန်း ခဏဝင်တာ"
"ချမ်းမြေ့ မင်းလည်း သူတို့နဲ့ကျောင်းကို လိုက်သွားလေ။ ဒီနေ့ Tutorial ရှိတယ်။ Tutorial လေးတော့ သွားဖြေလိုက်ဦး။ ဖြေပြီးမှ ပြန်လာခဲ့"
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။