#Unicode
ကျောင်းတွေပြန်တက်တော့ စောစောပြန်လာခဲ့ပါလို့ ပြောခဲ့တဲ့ လူကြီးကို ကျောင်းဝန်းထဲမှာ လိုက်ရှာမိခဲ့သည်။ ဘယ်လောက်ပဲ ရှာပါသော်ငြား လူကြီးရဲ့အရိပ်အယောင်လေးတောင် မတွေ့ခဲ့ရပေ။ လူကြီးတစ်ယောက် အဆင်မှ ပြေပါလေစ။
ဘောလုံးဝင်ကန်ဖို့ ကျွန်တော့်ကို လာခေါ်နေတယ် လူကြီး။ လူကြီးက ကျွန်တော့်ကို စဉ်းစားဦးမယ်လို့ ပြောထားဆိုလို့ ကျွန်တော် စဉ်းစားမယ်လို့ ပြောထားတယ်။ ကျွန်တော် လူကြီးရဲ့ ခွင့်ပြုချက်ကို စောင့်နေတာပါ။ ခု ကျွန်တော်ဘာလုပ်ရမလဲဟင်။
"လင်းရာ"
"ဟင်"
"ဘောလုံးဝင်မကန်တော့ဘူးလား"
"ဒီနှစ်တော့ ငါ ဝင်မကန်တော့ဘူးကွာ"
"ဘာဖြစ်ရတာလဲ လင်းရာရာ။ ကျောင်းစတက်ထဲက မင်းမျက်နှာ မရွှင်မပြ ဖြစ်နေတာကို ငါသိတယ်။ မင်းဘာဖြစ်နေလဲ ငါတို့ကို ပြောပြပေးပါ့လား"
"ဒီလိုပါပဲကွာ။ ဘာရယ်မဟုတ်ပါဘူး။ အဆင်မပြေတဲ့အဆုံးတော့ ငါမင်းတို့ကို ပြောပြပါ့မယ်"
"မင်း ဒီလိုကြီး မနေပါနဲ့ကွာ။ မင်းမပျော်တော့ ငါတို့လည်း မပျော်ဘူးလင်းရာ"
"အေးပါ သာထူးရာ။ ငါဒီလိုကြီးတော့ အမြဲမနေပါဘူး"
"အင်း။ ငါ ငွေခြည်နဲ့ ခဏသွားတွေ့မလို့ စိတ်ပြေ လက်ပျောက် လိုက်ခဲ့ပါ့လား"
"ဟင့်အင် မလိုက်တော့ဘူး။ ငါ အတန်းထဲမှာပဲ နေခဲ့တော့မယ်"
"အေးပါ အဲ့ဒါဆိုလည်း နေခဲ့။ ထူးခြား မင်းတော့ လိုက်ခဲ့ပေးနော်"
"ငါက ဘာလိုက်လုပ်ရမှာလဲ"
"ငွေခြည်တို့ အဖွဲ့ကို ကန်တင်းမှာ မုန့်လိုက်ဝယ်ကျွေးမယ် ပြောထားလို့"
"တစ်ယောက်ထဲသွားလေ"
"သူတို့က အုပ်စုလိုက်ကြီး လာကြမှာကွ။ ငါတစ်ယောက်ထဲ အဖော်မဲ့တယ်"
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။