Part 4 (U+Z)

7.7K 596 42
                                    

#Unicode

ဒီနေ့က Compound Welcome မို့ အရင်နေ့တွေကထက် လူပိုများပြီး ပိုစည်းကားပါသည်။ မမားတို့အဖွဲ့ကတော့ လင်းရာတို့အဖွဲ့ကို အင်္ကျီဝတ်ပေး၊ ထဘီဝတ်ပေး၊ မိတ်ကပ်ပြင်ပေးရနဲ့ အလုပ်ရှုပ်နေရှာသည်။ မမားက ဒီနေ့မှာ Presenter လုပ်မှာမို့ အလှပြင်ထားတာကြောင့် ကျောင်းဝတ်စုံအသစ်လေးနဲ့ အရင်နေ့တွေကထက် ပို၍လှနေပေသည်။

လင်းရာတို့ တစ်ဖွဲ့လုံးကို ပြင်ဆင်ပေးပြီးတော့ မမားက စတိတ်စင်ပေါ်ကို တက်သွားလေသည်။ မမားနဲ့အတူတူ Presenter လုပ်မည့် အစ်ကိုကြီးက အဖွင့်စကားဆိုပြီး Welcome စတင်တော့မည့်အကြောင်း ကြေငြာပါသည်။

ထို့နောက်တွင်တော့ ကျောင်းအုပ်ကြီးကအဖွင့်အမှာစကား ပြောကြားပြီး စတင်ဖွင့်လှစ်ခဲ့ပါသည်။

Trade တစ်ခုချင်းစီရဲ့ အကတွေဖျော်ဖြေပြီးလို့ တစ်ဝက်ရောက်တော့ Trade တိုင်းရဲ့ King Queen တွေက စင်ပေါ်တက်ပြီး မိတ်ဆက်ကြရသည်။ ထိုအချိန်မှာပဲ ကျောင်းသား ကျောင်းသူများက မဲပေးကြရပါသည်။

မဲများကောက်ခံနေသည့် အချိန်မှာ ကျောင်းသူ၊ ကျောင်းသားများက သီချင်းဆိုလို့ရသည်မို့ သူ့ထက်ငါ အလုအယက် စင်ပေါ်တက်၍ဆိုကြလေသည်။

"ဟုတ်ကဲ့ အခု သီဆိုဖျော်ဖြေပေးမယ့်သူက ချမ်းမြေ့‌ဖြစ်ပြီး ဘုန်းစစ်ပိုင် တောင်းဆိုထားတဲ့ ခင်လေးစိမ်းတယ် သီချင်းကို ဖျော်ဖြေပေးမှာပါတဲ့ခင်ဗျာ"

"ဟေးးးးးရွှီးးးး"

"ရွှီ . . . ရွှီ . . . ဖြောင်းးးးးဖြောင်း"

ခင်လေးနဲ့စစ်ပိုင်ရဲ့အကြောင်းကို သိနေကြတဲ့ ကျောင်းသားများက လက်ခေါက်တွေမှုတ် လက်ခုပ်သံတွေ တစ်ဖြောင်းဖြောင်းနဲ့ အားပေးကြပါတော့သည်။

"ချီးပဲ ငလူးကောင်တွေ။ ငါ့ကို ဆေးထိုးပြန်ပြီ။ စံနီ မင်းတို့ ပေါင်းကြံတာမို့လား"

"မဟုတ်ပါဘူးကွာ။ ငါမသိရပါဘူး။ ချမ်းမြေ့တို့‌အကြံ နေမှာပေါ့"

"ခွေးမသား ချမ်းမြေ့။ စင်ပေါ်က ဆင်းလာတာနဲ့ အသေပဲ။ ခွေးသူတောင်းစား"

"မင်းကလည်း။ စိတ်မဆိုးပါနဲ့ကွာ ဟားဟားးး"

"‌ခွေးကောင် မရယ်နဲ့။ ငါအတည်တင်းတာ"

မြတ်နိုးစွာ နှောင်ဖွဲ့မိသောWhere stories live. Discover now