#Unicode
First Semester စာမေးပွဲဖြေခါနီးပြီမို့ လင်းရာတို့ကျောင်းမှာ ကျောင်းသင်္ကြန် ကျင်းပကြလေသည်။
"ဘေဘီ ကိုယ့်ကို မုန့်လုံးရေပေါ်လေး တစ်လုံးလောက် ကျွေးပါ"
မုန့်လုံးရေပေါ် ယူလာသည့် လင်းရာတို့ ဘေးနားမှ လူကြီးက ဖြတ်လျှောက်သွားသည်မို့ လင်းရာလက်ထဲက မုန့်လုံးရေပေါ်ကို တောင်းစားလေသည်။ လူကြီးပါးစပ်ထဲကို လင်းရာ မုန့်လုံးရေပေါ် ထည့်ပေးလိုက်တော့ လူကြီးက စားပြီး ရှေ့ဆက် သွားလေသည်။
"အားပါးပါး စပ်လိုက်တာ။ ဘေဘီ ငရုပ်သီးပါတဲ့ အလုံးကို တမင်ရွေးပြီး ကျွေးလိုက်တာလား"
"ဟုတ်"
"ဟမ်"
"ဟဲဟဲ"
ခပ်လှမ်းလှမ်းကနေ လှမ်းမေးလာတဲ့ လူကြီးကို လျှာလေးထုတ်ကာ ပြောင်ပြလိုက်တော့ လူကြီးက လက်သီးလေးစုပ်ကာ လင်းရာကို လှမ်းပြီး ရွယ်ပြလေသည်။
"အားပါးပါး စပ်လိုက်တာကွာ"
"စစ်ပိုင် ဘာဖြစ်တာလဲ"
"မုန့်လုံးရေပေါ်ထဲ ငရုပ်သီးတွေ ပါလာလို့"
"ရော့ ရော့ ပီကေ အမြန် ဝါးလိုက်"
လူကြီးတို့အနားကို မမမေချယ်က ရောက်လာပြီး ပီကေ ထုတ်ပေးကာ ပါးစပ်ထဲထိ ထည့်ပေးလေသည်။ ငရုပ်သီးလေး စပ်တာလောက်ကို အဖြစ်သည်းနေလိုက်တာ။ တစ်ယောက်ကလည်း တအားတွေစပ်ပြ တစ်ယောက်ကလည်း ပြာယာတွေ ခတ်ပြီး ပီကေတွေ အတင်းထုတ်ကျွေးနဲ့။ ဟုတ်တော့ ဟုတ်နေပါပြီ။ ကိုယ့်အဖြစ်က မြန်မာကားထဲကလို မင်းသားနဲ့ မင်းသမီးကို နီးစပ်အောင် လုပ်ပေးရတဲ့ လူကြမ်းကြီးလိုပါပဲ။
ထိုနှစ်ယောက်ကို ဥပေက္ခာပြုခဲ့ပြီး ကျောင်းရှေ့လှေကားထစ် ကရမည့်နေရာသို့ လာခဲ့လိုက်သည်။ ကျောင်းသင်္ကြန်မှာ လင်းရာတို့အဖွဲ့ ခုနှစ်ယောက်လုံး ကျောင်းဝတ်စုံလေးတွေနှင့် သင်္ကြန်ပန်းကုံးလေးတွေ ကိုယ်စီစွပ်ကာ မြနန္ဒာသီချင်းဖြင့် ကခဲ့ကြသည်။
လင်းရာတို့ လှေကားပေါ်က အဆင်းမှာ မမမေချယ်က လူကြီးကို ရေလောင်းနေသည်ကို လှမ်းပြီး မြင်လိုက်ရသည်မို့ စိတ်ထဲ ဘဝင်မကျ ဖြစ်သွားရသည်။
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။