Part 27 (U+Z)

5.4K 446 48
                                    

#Unicode

"Happy Valentine's Day Baby"

"ချောကလက်တွေ အများကြီးပဲ။ ကျေးဇူးပါ လူကြီး ခင်ဗျာ"

"ရပါတယ် ခင်ဗျာ"

"ဒါက လူကြီးအတွက် ကျွန်တော့်ရဲ့လက်ဆောင်"

"ဘာလေးလဲ"

"ဖွင့်ကြည့်"

ဘေဘီပေးတဲ့ လက်ဆောင်ဘူးလေးကို ဖွင့်ကြည့်တော့ အထဲမှာ မှန်ဘောင်သွင်းထားတဲ့ ပန်းချီကားလေးတစ်ချပ်။ ပန်းချီကားထဲကသူကို သေချာကြည်တော့ ကိုယ်ပါ။

"ဘေဘီ ဒီပုံက ကိုယ်မို့လား"

"ဟုတ်"

"ဘယ်တုန်းက ပုံကိုဆွဲပေးထားတာလဲ"

"ကညင်ဆည်မှာတုန်းက ပုံ"

"ဝါးးးးး ကိုယ်တစ်ခါမှ မမြင်ဘူးတဲ့ ကိုယ့်ပန်းချီပုံလေးကို မြင်ရတော့ ရင်တောင်ခုန်တယ်"

ဘူးထဲမှာ မှန်ဘောင် သုံးခုတောင် ကျန်‌သေးပါသည်။ နောက်တစ်ပုံကို ယူကြည့်တော့ ခုနက ပုံတူ ဆွဲထားတဲ့ပုံရဲ့ ပန်းချီမဟုတ်တဲ့ ဓာတ်ပုံအစစ်ကို မှန်ဘောင်လေး သွင်းပေးထားပေသည်။

"ဒါက"

"ကျွန်တော် ရိုက်ပေးထားတဲ့ ပုံမို့ လူကြီးမှာ ဓာတ်ပုံမရှိဘူးလေ။ အဲ့ကြောင့် ဓာတ်ပုံထုတ်ပြီး မှန်ဘောင်သွင်းပေးထားတာ"

"ပန်းချီနဲ့ ဓာတ်ပုံက တစ်ထပ်ထဲပဲ။ ဘေဘီက ပန်းချီဆွဲတာ တော်လိုက်တာ"

"ခုလို ချီးကျူးပေးလို့ ကျေးဇူးပါ ကျွန်တော့် လူကြီးရာ"

"ရပါတယ်ဗျာ ကိုယ့်ကောင်လေးပဲဟာ"

"ဒါပေါ့ ဒါပေါ့ဗျာ"

နောက်ထပ်တစ်ပုံကို ယူကြည့်တော့ ပုဂံကို Trip သွားတုန်းက ဓမ္မံရံကြီးဘုရားမှာ ရိုက်ထားတဲ့ပုံလေးပါ။ ပန်းချီဆွဲထားတဲ့ လက်ကလေးနဲ့ ရုပ်သေးရုပ်လေးကိုကိုင်ပြီး ပါးပေါ်မှာ သစ်ရွက်ပုံပါးကွက်လေးနဲ့ ပါးချိုင့်ကြီးနှစ်ဖက် ခွက်ဝင်အောင် အားရပါးရ ပြုံးနေခဲ့တဲ့ပုံကြီးပါ။ ထိုပုံကို ရိုက်တုန်းက ချမ်းမြေ့က ဘေးကနေ စနေခဲ့တာပါ။

"ဟျောင့် ရုပ်တည်ကြီးနဲ့မနေနဲ့။ ရုပ်သေးရုပ်ကို မင်းရည်းစားလို သဘောထားပြီး အလှဆုံး‌ပြုံးထား" လို့ ပြောလို့ အားရပါးရ ပြုံးခဲ့တာပါ။

မြတ်နိုးစွာ နှောင်ဖွဲ့မိသောWhere stories live. Discover now