#Unicode
ဘေဘီနဲ့တွေ့ဖို့ ချမ်းမြေ့တို့ကို အကူအညီ တောင်းထားသည်မို့ ချမ်းမြေ့တို့ လာခေါ်တာကို စောင့်နေခဲ့မိသည်။ ချမ်းမြေ့တို့ကို မေမေ မသိအောင် မျှော်ရတာလည်း လည်ပင်းတောင် ရှည်နေပါပြီ။
"စစ်ပိုင်ရေ"
"ချမ်းမြေ့တို့ပါ့လား။ လာလေ အထဲဝင်"
"ဟုတ်ချယ်"
အိမ်အဝမှာတင် တီချယ်နဲ့တွေ့ရသည်မို့ နည်းနည်းလေးတော့ လန့်မိသည်။ စစ်ပိုင်ရှိရာကို ကြောက်ကြောက်နှင့်သာ လာခဲ့ရသည်။ ချယ့်ကိုတော့ အသေလန့်သည်။
"စစ်ပိုင် ချမ်းမြေ့တို့လာတယ်"
"ဟုတ်မေမေ။ သားလာပြီ"
ချမ်းမြေ့တို့လာတာကို အခန်းထဲက ကြားနေရပေမယ့် မေမေလှမ်းခေါ်တာကို စောင့်နေခဲ့တာပါ။
"ဟိုလေ ချယ်"
"ပြောလေသား"
"ဒီနေ့ သားမွေးနေ့မို့ စစ်ပိုင်ကို ခဏလောက် ခေါ်သွားလို့ရမလားဟင်။ သိပ်မကြာပါဘူးချယ်"
"မှောင်တောင် မှောင်နေပြီရယ် သားရယ်။ ရှစ်နာရီတောင် ကျော်နေပြီ။ ဒီအချိန်ကြီး ကြမှ"
"သူငယ်ချင်းတွေက ဒီအချိန်မှ စုံကြမှာမို့ပါချယ်။ စိတ်မပူပါနဲ့ချယ်။ သား သူ့ကို လုံးဝမတိုက်ဘူးနော်"
"အင်း ကြာတော့ မကြာစေနဲ့နော်သား။ နောက်ကျနေပြီမို့ ပြန်ရင်တော့ သားကိုယ်တိုင် ပြန်ပို့ပေး"
"ဟုတ်ချယ် စိတ်ချပါ။ သားကိုယ်တိုင် လိုက်ပို့ပါ့မယ်"
"အင်း အဲ့ဒါဆို ခေါ်သွားလေ"
"ဟုတ်"
မေမေနဲ့ ချမ်းမြေ့တို့ ပြောတာကို ဘေးကနေ ရင်ခုန်စွာဖြင့် နားထောင်နေရသည်။ မေမေ့ဆီက ခွင့်ပြုချက်ရတော့ လူက ထခုန်ပစ်ချင်စိတ်တောင် ပေါက်သည်။
အင်္ကျီလဲပြီးတာနဲ့ ချမ်းမြေ့တို့နောက် ပျော်ပျော်ကြီးလိုက်ခဲ့ရသည်။
"မင်းတို့ကလည်း နောက်ကျမှ လာခေါ်ရလား"
"ချယ့်ကိုကြောက်လို့ အရှိန်ယူနေရတာနဲ့ ကြာသွားတာ"
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။