#Unicode
နောက်ဆုံးနှစ် ကျောင်းသားကြီး ဘုန်းစစ်ပိုင်တစ်ယောက် ပထမဆုံး ကျောင်းဖွင့်သည့် ရက်ထဲက ကျောင်းကို ရောက်နေသည်မို့ သူငယ်ချင်းများနှင့် ကျောင်းသားများ အားလုံးအတွက် အထူးအဆန်း ဖြစ်နေကြရပေသည်။
အရင်နှစ်တွေကဆို ကျောင်းစဖွင့်သည့် ပထမဆုံးရက်ကို ကျောင်းတက်ဖို့ နေနေသာသာ ကျောင်းဖွင့်ပြီး တစ်လကြာမှ ကျောင်းတက်နေကြပါ။ ကျောင်းစောစောတက်ခြင်းဆိုတာ ဘုန်းစစ်ပိုင် ရာဇဝင်မှာ မရှိခဲ့ပေ။ ခုတော့ ရာဇဝင်အရိုင်းခံပြီး ကျောင်းစဖွင့်သည့် နေ့ထဲက ကျောင်းတက်နေမိသည်။
ဘယ်နေ့ ကျောင်းတက်မှာလဲလို့ မေးတော့ ကျောင်းဖွင့်တဲ့နေ့ တက်မှာပေါ့လို့ ပြောတဲ့ ဘေဘီက ခုထိ ကျောင်းကို ရောက်မလာသေးပေ။ ကိုယ်ကျောင်းလာတက်တာကို အထူးအဆန်းသဖွယ် ဝိုင်းကြည့်နေကြသည့် ကျောင်းသားများနှင့် စနောက်နေသည့် သူငယ်ချင်းများကြား နေရတာ စိတ်ကျဉ်းကြပ်ဖို့ ကောင်းလှသည်။
တကယ်ဆို ခင်ဗျားလေး ကျောင်းကို ရောက်သင့်နေပြီ ဘေဘီ။
မျှော်သာမျှော် ပေါ်မလာသည့် ကလေးကို ဘယ်သူမှ မရှိတဲ့ လှေကားထစ်မှာ တစ်ယောက်ထဲထိုင်ပြီး စောင့်နေခဲ့မိသည်။
"သာထူး ငါတို့အခန်းက ဘယ်အခန်းလဲ မင်းသိလား"
"ငါတို့အခန်းက ဌာနဘေးမှာ ထင်တယ်"
"ဟင် ဟုတ်လား အနောက်ဘက် ကန်တင်းနဲ့ နီးသွားတာပေါ့"
"အင်း"
"လင်းရာ မင်းကို အတန်းကြီးက အစ်ကိုတွေက ကဖို့ဆိုပြီး လာခေါ်တယ်။ ဒီနှစ် ဝင်ကဦးမှာလား"
"မင်းတို့ကရော"
"ငါက မင်းတို့ကရင် ဝင်ကမှာ။ သာထူး မင်းကရော"
"ငါလည်း မင်းတို့ကရင် ကမှာပေါ့ကွ။ မင်းရော ကမှာလား လင်းရာ"
"အင်း ကမယ်လေ။ ငါတို့ခုနှစ်ယောက်အဖွဲ့စုပြီး သီချင်တစ်ပုဒ်လောက် ကရအောင်လေ"
"အင်း ဘာသီချင်းနဲ့ ကမှာလဲ"
"နေဦး သီချင်းရှာကြည့်ဦးမယ်"
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။