Episode 2

6.8K 336 2
                                    

Unicode

တစ်ကောင်ကြွက် သမား‌ ထွန်းတောက်ဂုဏ်အင်အသက်က ၂၂နှစ် စစ်ကိုင်းတိုင်းမှာရှိတဲ့ မြို့လေးတစ်မြို့ရဲ့ မြို့မျက်နှာဖုံး ချမ်းသာသည့် သဌေးပေါက်စ အလုပ်လုပ်ရင်ပြတ်သားသည် တည်ကြည်သည် သူ့လက်ထက် အမှားဒုတိယကြိမ်ဆိုတာ မရှိ အရယ်အပြုံးမရှိ ထိုက်သင့်သည့်အပြစ်ကိုပေးသည် လိမ်လည်လှည့်ဖျားသည်ကိုမကြိုက် လိမ်တာသိပါက လိမ်တဲ့သူ အသက်မသေရုံတစ်မယ် ဆုံးမပြီး သုံးစားမရအောင် လုပ်ပြစ်တက်သည့်သူ ဒါ့အပြင်သူပိုင်သည့်အရာအားမည်သူမျှထိခွင့်မရှိ ထိသူအတွက်တော့မတွေးရဲစရာ လိုချင်တာကို ရအောင်ယူတက်ပြီး ဉာဏ်အရမ်းများတဲ့သူ ထိုမြို့လေးမှာရှိတဲ့ ရွာတော်များများကသူများသည် သူနှင့်မပက်သက်နိုင်လောက်အောင် ကင်းလွတ်သူမရှိကြ သူ့ဆိုလျှင်ကြောက်ကြပြီး မဟုတ်တာမလုပ်ရဲကြ မဟုတ်တာလုပ်သည့်သူမည်သူကိုမဆို မိသားစုပါ ကောင်းကောင်းမနေနိုင်အောင်ထိလုပ်ပြစ်တက်သည့် လူမိုက် လူဆိုးပေါက်စ အမှန်ပါ ထိုသူသည် <<<ထွန်းတောက်ဂုဏ်အင်>>>

လယ်များမြေများ တော်တော်များများပိုင်ပြီး ရွှေဆိုင်များ လက်လီလက်ကား ဆိုင်များ နှစ်ရှည်သီးပင်စားပင်စိုက်ထားသည့် ခြံများ အများအပြားပိုင်ဆိုင်သည့်သူ...

အလုပ်ကိစ္စကြောင့် ရန်ကုန်ကို မိမိကိုယ်ပိုင်ကား လေးနဲ့ဘဲ လာခဲ့ပြီး တိုးကျော် ကိုသာခေါ်လာခဲ့လိုက်တော့တယ်။

တိုးကျော်ဆိုတာ အခြားသူမဟုတ် ထွန်းတောက်ဂုဏ်အင်ရဲ့ ယုံကြည်ရဆုံး မျက်နှာလွှဲလို့ရတဲ့ သက်တော်စောင့် ဝန်ထမ်းများ တပည့်များအားလုံးကလဲ သူဌေးပြီးရင် သက်တော်စောင့် တပည့်တိုးကျော်ကို ကြောက်ရတယ်...

"ကဲတိုးကျော် ငါတို့အလုပ်ကိစ္စတွေလဲပြီးပြီဆိုတော့ အိမ်ပြန်ကြမယ် မင်းအတွက် တစ်ခုခုငါဝယ်ပေးမယ် ရန်ကုန်ရောက်တုန်းပြော မင်းဖုန်းက အောက်နေပြီ အကောင်းစားတစ်လုံးဝယ်ချည်...အဝတ်အစား တွေမင်းအတွက်ဝယ်လိုက် ကြိုက်သလောက်ဝယ် အခုတော့ ဖုန်းဆိုင်မောင်း မင်းဖုန်းဝယ်မယ် ငါလည်းဝယ်မလို့"

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now