Episode 14

3.6K 201 1
                                    

Unicode

အေးချမ်းရိပ် မနက်ခင်းပိုင်း နိုးလာတော့ မျက်နှာသစ်သွားတိုက် ရေချိုးဖို့လုပ်တယ်.. စဉ့်အိုးထဲကြည့်တော့ ရေကနည်းနေပြီ သူခပ်မှရတော့မည် သူများကိုလဲ အကူညီတောင်းရမှာလဲ အားနာမိတယ်..

ပေ၁၀၀ လောက်လျှောက်သွားတော့ ရေတွင်းလေးတွေ့တယ် အေးချမ်းရိပ်တစ်သက်နဲ့ တစ်ကိုယ် ရေကို မငင်ဘူးဘူး ဂွက်ကျပြီလေ မလုပ်တက်လဲ သူလုပ်ကို လုပ်ရမည် ဒါ့ကြောင့် သူလုပ်လိုက်တယ် ရေပုံးလေးကို ရေတွင်းထဲချကြိုးလေးနဲ့အပေါ်ကိုဆွဲတော့ ရေကပါမလာ သူ သူများတွေရေပုံးချပြီး အပေါ်ဆွဲရင် ရေပါလာတာ သူတွေ့နေခဲ့တယ် နောက်ထပ်တစ်ခါ ထပ်လုပ်တယ် မပါလာဘူး ရေကိုတော့တွေ့နေရတယ် တစ်ခုခုတော့ မှားပြီဆိုတာ သူ သတိထားမိသွားတယ် တော်တော်ကြာတော့ နောက်ဆုံးတော့ သူသဘောပေါက်သွားခဲ့တယ်..

ရေကိုငင်ယူပြီး ပုံးလေးတွေထဲထည့်ကာ ရေစည်ထဲထည့်ဖို့ သူများတွေ ထမ်းသလို ထမ်းပိုးနဲ့ သယ်တာ balance မညီတော့ ခဏဘဲ လျှောက်ရသေးတယ် ဗိုင်းကနဲလဲ ပြီးရေတွေ မှောက်ကုန်တော့တယ်...
သူ့တင်ပါးတော်တော်နာသွားတယ် ထမ်းပိုးက သူ့အတွက်လုံးဝအဆင်မပြေပေ မထူးတော့ဘူးဆိုပြီး ရေပုံးကို အပြည့်မထည့်တော့ဘဲ လက်နဲ့ဘဲဆွဲပြီး တော့ ရေစည် စဉ့်အိုးထဲ ဖြည့်နေလိုက်တာ တော်တော်ကြာမှ ပြည့်သွားတော့တယ် ပြီးတော့ သူရေမချိုးနိုင်သေး အမောဖြေဖို့ လိုပြီလေ အိမ်ရှေ့မှာ ခြေပြစ်လက်ပြစ် ထိုင်ပြီးအမောဖြေနေလိုက်တယ်
ထို့နောက် အတော်အတန်ကြာနားပြီးတော့ ရေမိုးချိုး အဝတ်အစားလဲတော့တယ် ... နေပူမှာဆိုတော့ အင်္ကျီ လက်ရှည် မိုးပြာရောင်လေး နဲ့ ပုဆိုး အနက်ရောင်လေး လဲလိုက်တယ် အမှန်တကယ်ဆိုသူက ဘောင်းဘီကိုဘဲ ဝတ်တက်တာ ပုဆိုးကို သိပ်မဝတ်ဖြစ် တောရွာမို့လို့ သူတို့နဲ့တူအောင်သာ ဝတ်စားဆင်ယင်နေထိုင်လိုက်တာပါ... ခဏနေတော့ ယနေ့အတွက်စားဖို့တာဝန်ယူတဲ့ အိမ်က မနက်စာထမင်းကြော်လေး လာပို့တယ်..

"ဆရာလေး မနက်စာလေး စားပါဦး ပူပူလေးစားရအောင်လို့.."

"ဟုတ်ကဲ့ အရီး အရီးတို့ကော စားပြီးပြီလား ခင်ဗျ"

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now