Episode 51

2.3K 109 0
                                    

Unicode

"ငယ်ဘာတွေ ပြောနေတာလဲ ဘာဖြစ်လို့လဲ " ထွန်းတောက်မေးတော့

"မျှဝေခံစားမှု "အေးချမ်းရိပ်ပြောတော့ ထွန်းတောက်ကြောင်သွားပြီး

"..."

"အိမ်ထောင်တစ်ခုမှာ လင်နဲ့မယားဆိုတာ တစ်ယောက်အခက်အခဲ ဖြစ်ရင်တစ်ယောက်ကကူညီပေးတက်တယ်  ဥပမာ လက်တစ်ဖက်က ရေခွက်ကိုင်လာတယ် အခြားတစ်ဖက်က ထမင်းပန်းကန်ကိုင်လာတယ် နောက်ထပ် ဟင်းခွက်နှစ်ခွက် ကို ထမင်းပန်းကန်ပေါ် မနိုင်မနင်းနဲ့ သယ်လာတဲ့အခါ နောက်တစ်ယောက်က သွားဝိုင်းသယ်ပေးတာမျိုး  တစ်ယောက်ခံစားရရင် တစ်ယောက်က နှစ်သိမ့်ပေးတာမျိုး ဥပမာ နေမကောင်းဘူးဖျားနေတယ်ဆိုတဲ့အခါ အသိပေးပြီး ရေဘက်တိုက်ပေး ဆေးပေး ရေပေး အဟာရ ဖြည့်ပေး အစရှိသဖြင့် အခြားသူက ဖြည့်စည်းပေးတာမျိုး တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမပြီး မျှဝေခံစားပေးတာမျိုး အခုက ငယ် ကြတော့ စိတ်ပူပေးခံရတယ် စောင့်ရှောက်ခံနေရတယ် စိုးရိမ်ခံနေရတယ် အခု မောင်ကြတော့ကော မူးလဲတယ် သွေးထုတ်ထားတယ် အားမရှိဘူးဆိုတာ ငယ့်ကို ဘာလို့ အသိမပေး ထိန်ချန်ထားရတာလဲ ဘာလို့ လင်နဲ့မယား တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်လေ ငယ် ငယ့်အတွက်‌လိုနေတဲ့တဲ့သွေးကို မောင်ကိုယ်တိုင်ပေးထားတယ် လို့ ပြောရင်ကော ငယ်က ဘာပြောမှာမို့လို့လဲ "

"....."

"ဘာလဲ ငယ်က မောင့်ကို အခုထက် ပိုချစ်မှာကြောက်လို့ မချစ်အောင် တစ်မင်မပြောတာမှတ်လား "

"ဟင် ငယ် ငယ် ဘာပြောလိုက်တယ် ပိုချစ်သွားမှာ ဟုတ်လား ဒါဆို ငယ်က ငယ်က ... မောင့်ကို မောင့်ကို.... ချစ်တယ်ပေါ့ ဟုတ်လား ဟင်ငယ်"

"အန် အာ ဟာ မသိတော့ဘူး "

"အဲ့ဆိုချစ်တာပေါ့ ဟုတ်တယ်မှတ်လား"

"မပြောချင်ဘူး နေပါဦး မရောနဲ့ စောနကဟာ ဖြေဦး ဘာလို့ ထိန်ချန်ပြီး မပြောရတာလဲ ဘာလဲ ငယ်က ပြောစရာ မလိုတဲ့သူလား အသိပေးစရာမလိုတဲ့သူလား မောင်ဘာလုပ်လုပ် သိစရာမလိုတော့တဲ့သူလား မောင့်ရဲ့ အိမ်ထောင်ဖက်လို့ သက်မှတ်ထားတာရော ဟုတ်ရဲ့လား ဒီတိုင်း ဒီတိုင်း ပိုင်ဆိုင်ချင်ယုံ သက်သက်ဘဲလား ဟင့်....ဟင့်" မျက်ရည်ဝဲ အသံဝဲပြီးပြောလာတော့

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now