Episode 38

2.5K 138 1
                                    

Unicode

အေးချမ်းရိပ် အိမ်ပြန်ရောက်လာတော့ ကိုယ်လက်သန့်စင်ပြီး ဘုရားရှိခိုးကာ ခဏထိုင်လိုက်တယ်..

ရုပ်တည်ကြီးနဲ့ အသံမာမာပြောသော ထွန်းတောက်ဂုဏ်အင်ကို သူတစ်ကယ်ကြောက်ပါတယ် ကြားရတဲ့သတင်းတွေနဲ့ ကြောက်နေတာ ဒီနေ့လို့ ရုပ်တည်ကြီးနဲ့ အော်လိုက်တာမှာ အသက် ဘယ်ကနေထွက်လို့ ထွက်သွားရမှန်းတောင်မသိဖြစ်သွားတာပါ လိုက်ပို့ပေးလို့ကျေးဇူးတင်ပေမယ့် ကြောက်စိတ်ကတော့မပျယ်

အေးချမ်းရိပ် ဆက်မတွေးတော့ဘဲ မေတ္တာသုတ် ကိုရွတ်ရင်း အိပ်ယာဝင်လိုက်တော့တယ်...

မနက်ခင်းရောက်တော့ ရေမိုးထချိုးကာ အပင်တွေရေလောင်းရင်း ကြည့်တော့ အပင်တွေက တော်တော်လေးကြီးနေတာကို သတိပြုမိတယ် ဘူးပင်နဲ့ ဖရုံပင်တွေဆို စင်ပေါ်တောင် တက်ပြီး အညွန့်တွေဖြာထွက်နေကြပြီ ငရုတ်ပင်တွေကလဲ စိမ်းစိမ်းစိုစိုနဲ့ တစ်ညီတစ်ညာတည်း ပေါက်နေကြတာ သေချာတယ် နောက်တစ်လလောက်နေရင် အသီးများသီးမှာ ကြိမ်းသေသည် ချဉ်ပေါင်ပင် တွေက တော့ အရွက်တွေ ဝေဝေစာစာနဲ့ ခူးစားလို့ရတဲ့အခြေအနေ ကန်စွန်းဆိုရင် ပြောမနေတော့ အညွန့်တွေတစ်လူလူနဲ့ စိမ်းစိုနေတာ အိမ်ရှေ့က ခရမ်းချဉ်သီးပင်လေးတွေကတော့ အသီးသီးဖို့ ၄၅ရက်လောက်စောင့်ရပေဦးမယ်..

အေးချမ်းရိပ် ထပြီး ဘူးညွန့် ဖရုံညွန့် တွေကို ကတ်ကြီးလေးနဲ့ ကိုက်ပြီးဖြတ်ယူလိုက်တယ် အပင်တွေအများကြီးဆိုတော့ ပွားလာတဲ့ အညွန့်‌တွေနဲ့ဆိုတော့ လက်ထဲ ပွေ့လို့မနိုင် ကန်စွန်းရွက် တွေဆို များလွန်းလို့ မနိုင်တော့တဲ့အထိ ဖြစ်နေတော့တယ် တစ်နိုင်ခူးပြီး မိမိလိုသလောက်လေးသာ ယူထားပြီး ရွာထဲက မပြေလည်တဲ့သူတွေ ကို စက်ဘီးလေးစီးပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်ပေးတော့တယ် လက်ခံတဲ့ အိမ်တွေကတော့ ကျေးဇူးတင်ကြောင်းပြောတာပေါ့ ကန်စွန်းတို့ ဘူးတို့ ဖရုံတို့ဆိုတာ အညွန့်ဖြတ်လေ ပိုသန်လေမို့ သူ့အတွက်ဖူလုံရုံသာမက ပိုလျှံသည့်အနေအထား နောက်နေ့တွေလဲ လိုတဲ့သူတွေကို ပေးဖို့ ဆုံးဖြတ်ထားလိုက်တယ်...

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now