Episode 41

2.5K 129 0
                                    

Unicode

"ဪ လူကြီးကလေး"အံဩလို့ပြောရုံရှိသေးတယ် ထွန်းတောက်ဘေးနားက အဝတ်အစားအိတ်တွေ တွေ့တော့ သဘောပေါက်သွားတယ် သတိမေ့နေတဲ့ သူကို သူ့ပေါင်ပေါ် ခေါင်းဦးခိုင်းထားပြီး ဆေးကုပေးနေပြီး မြေကြီးမှာ တုတ်တုတ်လေး ဒီတိုင်းထိုင်ချနေတဲ့သူ ဘာမှ မခင်းဘဲ ပြီးတော့ လမ်းသွားလမ်းလာ လမ်းလယ်ခေါင်မှာသူရယ် မေ့နေတဲ့သူရယ်ပေါ့

"ကဲ ကျွန်တော် မရှိခင်ထွက်ပြေးတော့မယ်ပေါ့ ဟုတ်လား ထွက်ပြေးလို့ကော လွတ်နိုင်မှာတဲ့လား"

"...."

"ခင်းဗျားလက်ထဲက အဲ့လူကို ကျုပ်ကိုပေး "

"ဟင့်အင်း ဂုဏ်တစ်ခုခုလုပ်မှာ မပေးနိုင်ဘူး ဒါ အကို့ လူနာဖြစ်နေပြီ ဆရာဝန်တစ်ယောက်လုပ်ပြီး ကိုယ့်လူနာ ဒုက္ခရောက်မှာ မကြည့်နိုင်ဘူး သူအခုသတိမေ့နေတယ်"

"မရဘူး ကျွန်တော့ကို ပြန်ပေးပါ သူကအပြစ်လုပ်ထားတဲ့သူ အပြစ်ရှိရင် အပြစ်ပေးခံရမှာ အသေအချာဘဲ "

"ဟင့်ဟင်းမပေးနိုင်ဘူး ပေးရင် ဂုဏ်ကတစ်ခုခုလုပ်မှာ မပေးဘူး"

"အစကတည်းက ဒီလိုအဖြစ်မခံချင်ရင် သူအလွဲသုံးစားတွေမလုပ်ခဲ့နဲ့လေ ကျွန်တော်ကမရဘူး သူ့ကို ပြန်ခေါ်သွားမယ် တစ်ယောက်ယောက်ပြန်ပါမှ ဖြစ်မယ်"

"အကိုတောင်းပန်တယ် သူ့ကိုလွှတ်ပေးလိုက်ပါနော်"

"ကိုယ့်အတွက်သာ ကိုယ်တောင်းပန်"

"ဟန်"

"ဘာလုပ်ထားလဲ ကိုယ့်ဘာသာသိပေါ့" ဆိုပြီး အိတ်တွေကို မေးငေါ့ပြလိုက်တော့ ခေါင်းလေးငုံ့သွားပြီး ဘာမှပြောတော့

"လက်လွှတ်လိုက် ဟေ့ကောင်တွေ ဟိုကောင်ကို သယ်ခဲ့ " ဆိုတော့

"ဂုဏ်မလုပ်ပါနဲ့ သနားပါဦး သူ့ကို ဘာမှမလုပ်ပါနဲ့နော် သူက အကို့လူနာဖြစ်နေပြီ လူနာက သတိပြန်မရသေးဘူး အားနည်းပြီး မေ့သွားတာ "

"မရဘူး သူ့အတွက်ပြစ်ဒဏ်သက်သက်ရှိပြီးသား ဟေ့ကောင်တွေ မလာခဲ့ ကားပေါ်တင် ပြီးတော့ ခင်ဗျား ပတ်ဝန်းကျင်ကိုဂရုစိုက်တယ် ကြောက်တယ်ပေါ့ဟုတ်လား အဲ့ပတ်ဝန်းကျင်ကို အခု ဘာမှမပြောနိုင်အောင် ပျောက်ကွယ်အောင်လုပ်ပြစ်မယ် ဟိုကောင်တွေ ဒီရွာတစ်ခုလုံးကို ပြာဖြစ်တာမြင်ချင်တယ်  "ဆိုပြီး သူ့တပည့်တွေကို ခိုင်းတော့ သူ့တပည့်တွေက ချက်ချင်း ထသွားတော့ အေးချမ်းရိပ်ပြာသွားပြီး စိုးရိမ်သွားတယ်နောက်ဆုံး သူတားမရမှန်းသိသွားတာ် မရတဲ့အဆုံး အေးချမ်းရိပ် ဆုံးဖြတ်ချက်တစ်ခု အခိုင်အမာချလိုက်တော့တယ်

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now