Episode 68

1.6K 82 1
                                    

Unicode

နောက်တစ်နေ့ မနက်ရောက်တော့ ငါးနာရီလောက် ထကြတယ် ပွဲက ၈နာရီစမှာမို့ ထိုအချိန် ထမှအဆင်ပြေမှာကိုး ထပြီး ပြင်ဆင်သင့်တာပြင်ဆင် ပြီး အဝတ်တွေကအစလဲလိုက်တယ်ခေါင်းပေါင်းကို စွပ်ကာ အောက်ကိုဆင်းလာပြီး သက်မှတ်ထားတဲ့နေရာမှာ ထိုင်လိုက်တယ် ရဟန်းလောင်းနှစ်ယောက် ထိုအချိန်မှ စပြီး မြေမထိကြရတော့ နတ်ပြတဲ့သူက ပြ ပွဲမြှောက်တဲ့သူကမြှောက်နဲ့ အလုပ်တွေရှုတ်နေကြတယ်

ပွဲချိန်နီးလာပြီမို့သံဃာတွေကြွလာကာ တရားချီးမြှင့်ကြတယ် ဒုန္လပါတ် တရားတွေနာပြီး ဆွမ်းကပ်ကြ ပြီးတော့ ဆံရိပ်ကြတယ် ဆံရိပ်တော့ အဖေနဲ့အမေ တိုးကျော် မောင်ကောင်းတို့က ကိုင်ပေးတယ် ပြီးတော့ ရေချိုးကြပြီး သင်္ဃန်းတောင်းဆိုကြတယ် ဆိုကြပြီး သင်္ဃန်းစီးလိုက်ကြတယ် အမေတို့ကတော့ ဝမ်းသာပီတိဖြစ်နေကြတာပေါ့  ဘုန်းကြီးကတော့ အားလုံးပြီးတော့ဆယ်ပါးသီလ စောင့်တည်ခိုင်းပြီး ကိုရင်ကြီးဘဝ သွတ်သွင်းစေလိုက်တယ် ပြီးတော့ သိမ်တခါတည်း ဝင်ကြတယ် ဘုန်းကြီးကျောင်းသွားပြီး သိမ်ကထွက်လာတော့ ဆယ်နာရီခွဲနေကြပြီ သိမ်ရှေ့မှာ လောင်းလှူကြမယ့် လူတွေက အသင့်အနေအထားနဲ့ ဆပ်ပြာ သွားပွတ်တံ ကော်ဖီ မုန့် စတာတွေ လှူကြတယ် သိမ်ဆင်းပြီးပြီမို့ ရဟန်းဘဝ ရောက်သွားတော့တယ် ဘုန်းကြီးကတော့ မနက်ဖန် ဆွမ်းခံထွက်ဖို့ သူတို့နဲ့ ပူးပေါင်းဖို့ မှာပြီး မဏ္ဌဋ်ရှိရာကို နှစ်ပါးပြန် လာတော့တယ် မဏ္ဌဋ်ရောက်တော့  နေ့မကျော်ခင် ဆွမ်းကပ်ကြပြီး နားနားနေနေ နေခိုင်းကြတယ် ရဟန်းနှစ်ပါးအတွက် ဖျာ ခေါင်းအုန်း စောင် အဆင်သင့်ပြင်ပေးကြတယ် ကြိမ်းရင် ကြိမ်းနိုင်အောင်အတွက် လာတဲ့ ဧည့်ပရိတ်သက်များမှာ လဲ စားလိုက်ကြတာ မြိန်ရေရှက်ရည် ရဟန်းနှစ်ပါးကြည့်ပြီး ပီတိတွေ ဖြာနေကြတာပေါ့ ဧည့်ခံတာကတော့ အမေတို့ရယ် တိုးကျော် မောင်ကောင်းနဲ့ အပေါင်းအပါ တွေက အစစ အကုန် လိုက်လုပ်ပေးကြတယ် စားပြီးပြန်သွားကြတဲ့ သူတွေရဲ့မျက်နာမှာလဲ ကျေနပ်ကြတဲ့ အမူအရာမို့ ကျွေးရသူတွေတော့ မောပေမယ့် မမောနိုင် ပီ‌တိတွေဖြာနေကြတာပေါ့

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now