Episode 62

1.9K 90 0
                                    

Unicode

ညနေဘက်ရောက်တော့ တိုးကျော်တို့ မောင်ကောင်းတို့ အေးချမ်းရိပ်ဆေးရုံဆင်ဖို့ပြင်ကြတယ် တိုးကျော်က သောက်ရမယ့်ဆေးတွေ ထွန်းတောက်ကော အေးချမ်းရိပ်အတွက်ပါ ကောင်တာမှာ သွာထုတ်တယ် မောင်ကောင်းက ထည့်စရာရှိတာတွေကို ထည့်နေပေးတယ် ထွန်းတောက်ကတော့ အေးချမ်းရိပ်အနားမှာ လိုတာတွေလုပ်ပေးနေတယ် အမေနဲ့အ‌ဖေ ကတော့ ထိုင်နေပြီး ပြန်ဖို့ပြင်ဆင်နေကြတယ်

ဆရာဝန်က ရောက်လာပြီး  မှာစရာရှတာတွေကိုမှာနေတယ်

"လူနာရဲ့ အနာကို တက်နိုင်သမျှရေမထိပါစေနဲ့ ရေချိုးတဲ့အခါ ရေမထိအောင် တစ်ခုခုလုပ်ပြီးမှ ရေချိုးခိုင်းပါ အနာမြန်မြန်ကျက်အောင် အဟာဖြစ်မယ့်အစားအစာတွေများများကျွေးပေးပါ အိပ်ရေးဝဝအိပ်ခိုင်းပါ ပြီးတော့ လူနာရဲ့အနာက အမာရွတ်ကျန်ခဲ့လိမ့်မယ် အမာရွတ်ပြောက်ဆေး လိမ်းရင်တော့ ပျောက်သွားပါလိမ့်မယ် အခြားဒဏ်ရာတွေလဲ စိုးရိမ်စရာ မရှိတော့ပါဘူး တက်နိုင်သ၍ အလေးအပင်မတာတွေရှောင်ပါ မလုပ်ပါနဲ့  မနက်စာကို အဝစားပါ တစ်နေ့သုံးနှပ် အချိန်မှန်စားပါ ဆေးပုံမှန်သောက်ပါ တစ်ပတ်အတွင်းပျောက်ကင်းသွားးပါလိမ့်မယ် စားရမယ့် အစားအစာတွေကို ဆေးစာပေးတော့ စာနဲ့ တကွ မှာထားပေးထားပြီးသားပါ တစ်ခုခုဆို ဆေးရုံကို အမြန်လာပါ ညီအေးချမ်းရိပ်လဲ ဆရာဝန်မို့ သိပြီးသားနေမှာပါ ကဲဆေးရုံက ပြင်ဆင်ပြီးရင် ဆင်းလို့ရပါပြီ "

"ဟုတ်ကဲ့" အားလုံးပြောပြီး ရှင်းသင့်တာရှင်း ပြီးတော့ အိမ်ပြန်ကြတော့တယ်

အိမ်ရောက်တော့ အောက်ထပ်ဧည့်ခန်းမှာ ခဏနားလိုက်ကြတယ်

"ငယ် နို့သောက် တစ်ယောက်လောက် နို့ယူလာခဲ့ပေး အဖေတို့ကိုပါ ချပေးလိုက် "

"ဟုတ်ကဲ့ ဘော့စ် "

နို့လာချပေးတော့ အားလုံးသောက်ကြပြီးထွန်းတောက်က

"စားဖိုဆောင်သူတွေ ခဏလာခဲ့ဦး မနက်ဖန်ကစပြီး အိမ်မှာစားရမယ့် ဟင်းအမယ်တွေ ပြောင်းမယ် နေ့စဉ် အရေတစ်ခွက် အသားဟင်း အရွက် အသီး တွေပါအောင်ချက်ရမယ် ချက်ရမယ့်အမယ်တွေကိုတိုးကျော်ဆီမှာ မေးလိုက် တစ်လတိတိ သူပြောတဲ့ ဟင်းဘဲ ချက်ရမယ်ကြားလား"

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now