Episode 35

2.7K 136 2
                                    

Unicode

ထွန်းတောက်ခေါ်သွားသော နေရာ ထမင်းစားဝိုင်းကို  ရောက်တော့ ထမင်းစားဖို့ ပြင်တော့တယ်

"လူကြီးကလေး လူကြီးကလေးကြိုက်မလားမသိဘူး အိမ်က စားဖိုဆောင်ကသူတွေချက်ပြုတ်ထားတာ ဒီဟာက ငါးကလေးအိုးကပ် ဒီဟာက ကြက်သားဟင်း ဒီဟာက ငါးပျင်မဟင်း ဒီဟာက ဆိတ်သားဟင်း ဒါက ပုစွန်ပေါင်း ဒါက အစိမ်းကြော် ဒါက မုန့်ညှင်းရွက်ကြော်ချက် ထည့်စားနော် အားမနာနဲ့ ကိုယ့်အိမ်လို သဘောထားစား "

"အင်း ကျေးဇူး ဂုဏ် စားပါ့မယ် ဂုဏ်လဲထည့်စားလေ အကိုက ရတယ်"

"အင်း ရော့ ငါးပျင်မဟင်း စားကြည့် အရသာကောင်းတယ် "

"အင်း စားမယ်လေ ကျေးဇူး"

အေးချမ်းရိပ်အမှန်ဆို ငါးပျင်မကို မကြိုက်ပါ အရိုးများထွင်ရပြုရနဲ့ အလုပ်ရှုတ်တာကတစ်ကြောင်း ငယ်ငယ်ကတည်းက ငါးပျင်မကို မေမေက မချက်တာကတစ်ကြောင်း နောက်ပြီးမစားတက်တာက တစ်ကြောက်းမို့ မစားဖြစ် ဂုဏ် အခုထည့်ပေးတာမို့ အားနာပြီးမညင်းဘဲ စားလိုက်တော့တယ်...

"လူကြီးကလေး လိုတာရှိရင်ပြောနော် "

"အင်း အာ့ "

"ဘာဘာ ဖြစ်တာလဲ လူကြီးကလေး "

"ဘာမှမဖြစ်ပါဘူး လက်ချော်ပြီး ငါးအသားထွင်တာ လက်ဆူးမိလို့"

"ပြ လက်ကို တော်တော်နာသွားလား ကျွတ်သွေးထွက်သွားပြီ "ဆိုပြီး လက်ကို စုပ်ယူနေသော ဂုဏ်

'ဒါ ဘယ်လိုအခြေအနေကြီးလဲ ' အေးချမ်းရိပ်တွေးလိုက်တယ်

"အင်းသက်သာပြီလား အခု"

"အန် အင်း အင်း အခုသက်သာပြီကျေးဇူး"

"ဒါဆိုထမင်းစားတော့ "

"အင်း "

ထမင်းစားနေရင်း ဈာန်ထက်မြတ် လည်ချောင်းထဲ မနေတက်ဘဲ ဖြစ်နေတော့တယ် ငါးရိုးဆူးနေတာ မို့ မျက်ရည်များလဲ နာလို့ကျလာတော့တယ် ထိုအရာကို ထွန်းတောက်ဂုဏ်အင် မသိသေး ထမင်းကိုသာ အာရုံးစိုက်စားနေတာ အေးချမ်းရိပ် မပြောဖြစ် ကြိတ်ပြီး ထမင်းတွေကို ဆုပ်ယူပြီး မျိုချ ‌ချနေတာ အရိုးကမကျ ဒုက္ခတွေတွေ့ပြီး မရတော့ မျက်ရေတွေက ကျလာတော့တယ်..

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now