Episode 36

2.5K 131 4
                                    

Unicode

ဒီလိုနဲ့ သောကြာနေ့ရောက်လာတဲ့ အခါမှာ ထွန်းတောက်ဂုဏ်အင် သူ့ရဲ့လူကြီးကလေးကို ဖုန်းဆက်တော့တယ်..

"ဟယ်လို "

📞အင်းဂုဏ်ပြောလေ

"မနက်ဖန်စနေနေ့နော် "

📞အင်းလေ ဂုဏ် စနေလေ ဘာဖြစ်လို့လဲ

"ပြီးခဲ့တဲ့ တစ်ခေါက်ကတွေ့တုံးက ဘာပြောထားလဲ "

📞အန်

"မအန်နဲ့ ကြီးငါးကြီးလိုက်ပို့မယ် ပြောထားတယ်လေ "

📞အင်းလေ သိပါတယ်

"မနက်ဖန်လိုက်ပို့မယ်လေ ဒါပြောတာ"

📞မနက်ဖန် ဟုတ်လား

"ဘာလဲမအားဘူးလား လူကြီးကလေးဘဲ ပြောထားတယ်လေ စနေတနင်္ဂနွေအားတယ်ဆို"

📞အင်းလေ ပြောထားတယ်လေ

"ဒါဆိုမနက်ဖန်လိုက်ပို့မယ် ပြင်ဆင်ထား"

📞ခဏလေး ဂုဏ် အကို တစ်ခုပြောမလို့ မလောနဲ့ဦး

"ပြော"

📞အင်း သွားလည်ရင် တစ်နေ့လုံး တစ်နေကုန်ကြာမှာ မှတ်လား

"အင်း"

📞ဒါဆိုအဆင်မပြေဘူး အကိုက စာသင်တာ စနေ တနင်္ဂနွေ အားတယ်လို့ပြောတာ နောက်တစ်ခုက အကိုက ဆရာဝန်လေ ဆရာဝန်ဆိုတော့ ဘယ်ချိန်လာမယ်မသိတဲ့ လူနာကို စောင့်နေရတာ လူနာကလဲ ဘယ်ချိန်ဘာဖြစ်မလဲဆိုတာ မှ မသိရတာ ဂုဏ်ရယ်

"ဒီ့တော့ မလိုက်နိုင်ဘူးပေါ့ ဟုတ်လား "

📞မလိုက်နိုင်တာတော့မဟုတ်ပါဘူး အချိန်မပေးနိုင်တာ တစ်နေကုန်ဆိုတော့လေ

"အာ့လောက်တောင်ဖြစ်နေတာ တရွာလုံးကို မီးရှို့လိုက်ပြီး အားအောင်လုပ်ပေးလိုက်မယ်"

📞ဟာ့ ဂုဏ်စကားကို ဘယ်လိုတွေပြောနေတာလဲဒါပြောသင့်တဲ့စကားလား မပြောသင့်တဲ့စကားလား မသိဘူးလား

"မသိဘူး ကျွန်တော့်ကို ဆန့်ကျင်ရင် ဆန့်ကျင်တာတွေ ဆန့်ကျင်တဲ့သူတွေကို ဒီတိုင်းထားမှာမဟုတ်ဘူး"

📞ဂုဏ် သေချာစဉ်းစားပြောလေ ဒါက သူများအသက်အိုးအိမ် စည်းစိမ်နဲ့ဆိုက်တဲ့ကိစ္စလေ ဂုဏ် ဒီလို တစ်ဇွတ်ထိုး မလုပ်သင့်ဘူးလေ

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now