Episode 49

2.2K 115 0
                                    

Unicode

"ဆရာဆရာ လူတွေရောက်လာပြီအများကြီးဘဲ "
ထွန်းတောက်ကြည့်မိတော့ ထွန်းတောက်လူတွေရယ် ရွာသားတွေရယ် အများကြီး ဓားပြကောင် အောက်ကို ဆင်းပြီး သေနတ်နဲ့ လူတွေကို ချိန်ကာ ချိန်းခြောက်တော့တယ်

"တွေ့လား ဒါဘာလဲ သေနတ်ကွသေနတ် မသေချင်ရင် တစ်ယောက်မှ အရှေ့တိုးမလာနဲ့ကျည်စံမှာ မျက်လုံးမပါဘူးကွ" ထိုသူနဲ့ သူ့လူတွေ ရှေ့ကို အာရုံစိုက်နေတုံး ထွန်းတောက် ‌အိမ်ထဲဝင်ကာ အေးချမ်းရိပ်ကို ‌ကြယ်သီးတပ်ပြီး သတိရအောင် လုပ်နေတော့တယ် သတိရအောင်လုပ်ဖို့ရှာကြည့်တော့ ရေအိုးတွေ့တော့  ရေအိုးထဲကရေကို ခပ်ကာ မျက်နှာကို ရေနဲ့ ဖြန်းလိုက်တယ် ရေနဲ့ဖြန်းလိုက်တော့ သတိပြန်ရလာကာ ထွန်းတောက်ကို တွေ့တော့ ငိုကာ ဖက်ထားတယ်

"မောင် ငယ့် ကိုလေ ဟိုလူက မတရား ယူမယ်တဲ့ ငယ် ငယ် ကြောက်တယ် " ငိုကာပြောနေတော့ ထွန်းတောက်ဖက်ထား မိလိုက်တယ်

ထွန်းတောက်ဖက်ထားတော့ နောက်မှာ ဘာဖြစ်နေလဲဆိုတာ မမြင်မိ မောင်ကောင်းက ထွန်းတောက်ရှေ့မှာ ရှိနေတယ် ထွန်းတောက်အသံကြားတာက

"ဟာကွာ အရှေ့မှာမဲတုံး နောက်ကနေ ကယ်မယ်ပေါ့ မရဘူးကွ ဘိုမြတဲ့ကွ ဒိုင်း" ဆိုတဲ့ အသံ အဆုံး ထွန်းတောက်လှည့်ကြည့်မိတော့ မောင်ကောင်း လက်မောင်းမှာ သေနတ်ထိပြီး  လဲကျသွားတယ် ထွန်းတောက် မောင်ကောင်းကိုထူဖို့  အေးချမ်းရိပ်ကိုခွာပြီး သွားထူတဲ့ အချိန် နောက်ထပ်သေနတ်သံတစ်ချက် ထိုအချက်က .....

မိမိမမျှော်လင့်မိထားတဲ့သူ သူအရမ်းချစ်ရတဲ ချစ်သူ သူ့ရဲ့ ငယ် သေနတ်ထိမှန်ကာ လဲကျသွားတော့တယ် ရွာသားတွေကော ထွန်းတောက်တို့ အဖွဲ့ကသူတွေပါ အားလုံးက "ဆရာလေး " ဆိုပြီး အော်ကြရင်း ဓားတွေ ခဲတွေ တုတ်တွေနဲ့ ပြစ်ပေါက်ကြတော့ပြေးပေါက်ပိတ် ထိမှန်ပြီး ခြောက်ယောက်လုံး ပေါက်ပြဲ ကွဲပြဲ ကုန်ကြတော့တယ်

တိုးကျော်ကအပြေးဝင်လာပြီး မောင်ကောင်းကို ချီ ထွန်းတောက်က အေးချမ်းရိပ်ကို ချီကာ ရပ်ထားတဲ့ကားတွေဆီ အပြေး သွားကြတော့တယ်

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now