Episode 31

2.9K 146 0
                                    

Unicode

ထွန်းတောက်ဂုဏ်အင် အေးချမ်းရိပ်နဲ့တွေ့ခဲ့ပြီး ညချမ်းလေးကို သာယာစွာနဲ့ ဖြတ်ကျော်လာခဲ့ကာ မနက်ခင်းနေ့သစ်ကို အေးချမ်းစွာနဲ့ နိုးထလာတော့တယ်....

"ဝါး အိပ်လို့ကောင်းလိုက်တာ " နာရီကြည့်မိတော့ ရှစ်နာရီခွဲပြီမို့ သူထလိုက်တော့တယ်

ရေမိုးချိုးအဝတ်အစားလဲပြီးတော့ မီးဖိုဆောင်ဝင်ကာ နွားနို့ကို ထည့်သောက်လိုက်တယ် နွားနို့သောက်ပြီးတော့ ထမင်းစားဝိုင်းထိုင်တော့ သူ့အတွက် အဆင်သင့် ခူးခပ်ထည့်ပေးဖို့ ဝန်ထမ်းက မက်တပ်ရပ်လျက်သား

"မနက်စာက ဘာတွေလုပ်ထားလဲ "ထွန်းတောက်မေးတော့

"ဟုတ်ကဲ့ သူဌေး မနက်စာက ပေါင်မုန့် ကင်ကို ကြက်ဥကာကြက်နဲ့ လုပ်ထားပါတယ် ပြီးရင် နှပ်ကော်ဖီအဆင်သင့်ပြင်ထားပါတယ် သူဌေး"

"အင်းကောင်းပြီ သွားတော့ လုပ်စရာရှိတာ ဆက်လုပ်တော့"

တိုးကျော်ကို ဒီကနေ့ခိုင်းထားတော့ မရှိမှန်း သူသိတယ် ဒါ့ကြောင့် အခြားတစ်ယောက်ကို ခေါ်ပြီး ခိုင်းဖို့လုပ်တော့တယ်

စားပြီး အလုပ်အခန်းထဲဝင်ကာ တစ်စုံတစ်ယောက်ကို ဖုန်းဆက်ခေါ်လိုက်တယ် ခေါ်လိုက်တဲ့ ထိုသူက ချက်ခြင်းရောက်လာပြီး..

"Boss ဝင်ခွင့်ပြုပါ"

"အင်းဝင်လာခဲ့လိုက်"

"Boss ခေါ်တယ်ဆိုလို့"

"ဟုတ်တယ် မင်း လိုရမယ်ရ လူအပို သုံးယောက်လောက်ခေါ်သွားပြီး စက်ရုံဆောက်နေတဲ့ နေရာကို သွားစစ်ခဲ့ တစ်ခုမှ မကျန်ခဲ့စေနဲ့ သက်မှတ်ချိန်အမှီပြီးချင်တယ် ခိုကပ်နေတာတွေဘာတွေ မမြင်မိစေနဲ့ တန်ရာတန်ကြေးပေးထားတာမို့ မင်းတို့ပြောခွင့်ရှိတယ် မင်းတို့ကငါ့တပည့် ကြားလား အမြင်မတော်တာရှိရင်ပြောခဲ့ ပြီးတော့ နွားခြံကို သွားစစ်ဆေးခဲ့  အထွက်နှုန်းပါ တစ်ချက်စစ်ခဲ့ ပြီးရင် သူတို့ လုပ်နေတာ သန့်ရှင်းမှုရှိလားမရှိလား ပါသေချာ မေးမြန်းပြီး စစ်ခဲ့"

"ဟုတ်boss အခုလုပ်လိုက်ပါ့မယ်"

"အင်း ထွက်သွားရင်းနဲ့ တစ်ယောက်လောက်လွှတ်လိုက်ဦး"

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now