Episode 6

4.2K 244 6
                                    

Unicode

ညနေရောက်တော့ အဘအိမ်ကို သွားလိုက်ပြီး ရွာထဲကသူတွေနဲ့ စတင် မိတ်ဆက်ပေး‌တယ် မိမိမှာ တော့ စာအုပ်တစ်အုပ်နဲ့မေ့မှာစိုး၍ နာမည် လိုက်မှတ်ကာ လူနဲ့တွဲအောင် မှတ်နေမိတယ် မိမိအလှည့်ရောက်တော့

"မင်္ဂလာပါဗျ ကျွန်တော့နာမည်က အေးချမ်းရိပ် ပါဗျ ရန်ကုန်က လာတာပါဗျ ဆရာဝန်လည်း ဖြစ်ပါတယ် အခု ကျောင်းဆရာလဲဖြစ်ပါတယ် ကျန်းမာရေး ပညာရေး အကူညီလိုရင် ကူညီပေးပါ့မယ် အသက်ကတော့ ၂၉ ပါဗျ ကျွန်တော်က ပထမဆုံး ခရီးဝေး နဲ့ အပြင်ထွက်ဘူးတာဆိုတော့အကိုတို့အမတို့က ကူညီပေးပါဦးနော်" ဆိုပြီးမိတ်ဆက်တော့ တစ်ချို့က

"အသက်က ၂၉ တဲ့ ဟယ်မထင်ရက်စရာ ကျုပ်အထင် ၁၉ ၂၀ လောက်ထင်တာ အသားလေးကလဲ ဝင်းပြီး လှနေတာဘဲ မင်းသားတောင်ရှုံးတယ် ငါသာငယ်သေးရင်တော့ တစ်ခါတည်း လင်တော်ပြစ်မှာ "

တစ်ချို့ကတော့
" အေးဟ ချောလိုက်တာမှ မိန်းကလေးအရှုံးပေးရတယ် နတ်သက်ကြွေလာသလားတောင်ထင်မိတယ် သူ့အသားလေးကို ကိုင်ကြည့်ချင်လိုက်တာ"

တစ်ချို့တွေက
" တစ်ခါမှ ဒီလောက် အသားဖြူစွတ်ပြီး ချောတာမတွေ့ဖူးဘူး ငါတို့တော့ အချောအလှ ကြည့်ရဖို့ကံပါလာပြီနဲ့တူတယ်အေ့ "

တစ်ချို့ကြတော့
" ငါမွေးလာမယ့်ကလေးကို ဆရာလေးလိုချောအောင် ဆရာလေးကို အမြဲလာကြည့်ရမှနဲ့တူတယ်ဟေ့"

တစ်ယောက်တစ်ပေါက်စီပြောကြတော့ အဘ က "အားလုံးတော်ပြီ ဆရာလေးရှေ့ထားပြောချင်ရာပြောနေကြတာ ကဲ ရွာမှာ အိမ်ချေ ၉၀ ရှိတယ် တစ်နေ့တစ်အိမ်ဆရာလေး စားဖို့ တာဝန်ယူရမယ် ဆရာလေး ကို စိတ်မပျက်စေနဲ့ ကြားလား" ဟု လူကြီး အဘကပြောတော့ အားလုံးက "ကောင်းပါပြီ" ဆိုပြီး ပြိုင်တူပြောကြတယ်..ဒါနဲ့တွေ့ဆုံခြင်းကို ရပ်နားလိုက်တော့တယ်

ပြီးတော့ မောင်ကောင်းက ပြန်လိုက်ပို့ပြီး ခဏတစ်ဖြုတ် မောင်ကောင်းနဲ့ စကားအိမ်မှာ ထိုင်ပြောဖြစ်တယ်

"မောင်ကောင်း မောင်ကောင်းအသက်က ဘယ်လောက်ရှိပြီလဲ "

" ဟုတ်ကဲ့ဆရာလေး ကျုပ်အသက်က ၁၇ပါ ဆရာလေး"

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now