Episode 12

3.6K 205 1
                                    

Unicode

ထွန်းတောက်ဂုဏ်အင် အလုပ်များလုပ်နေရင်း တစ်စုံတစ်ခုကို သတိရသွားဟန်

"ဟေ့ တိုးကျော် "

"ဗျာအကိုလေး "

"မနက်ဖန် ဆိုင်တွေသွားစစ်မယ် မင်းလိုက်ခဲ့ရမယ်ရောင်းအားအချေအနေနဲ့ ဝန်ထမ်းတွေအခြေအနေငါ သွားစစ်မလို့ မင်းအဆင်သင့်ပြင်ထားပေး"

"ဟုတ်အကိုလေး အကိုလေး ကားနဲ့သွားမလား ဆိုင်ကယ်နဲ့သွားမလားအကိုလေး"

"အင်း ကားနဲ့ဘဲသွားမယ် အဲ့က ဆိုင်စာရင်း ရောင်းအားစာရင်း stock လက်ကျန် ပြီးတော့ အခြားပြိုင်ဖက် ဆိုင်တွေရဲ့အခြေအနေပါ ငါ့ကို ပေး ကြည့်မလို့
နောက်ပြီး မနက်ဖန် ငါလာမှာကို ဆိုင်တွေမသိစေနဲ့ ရှောင်တစ်ခင်ဝင်မယ် ကြားလားတိုးကျော်"

"ဟုတ်အကိုလေး စာရင်းတွေ ဖိုင်တွေ ခဏနေလာပေးပါ့မယ်အကိုလေး "

"အေးအေး "

'အဖြူကောင်လေး မင်းကော ဘာတွေလုပ်နေပြီလဲ သတိရတယ်ကွာ ' တွေးနေလိုက်တယ်...

"အကိုလေး ဒီမှာ ဖိုင်တွေ အကိုလေး လိုတာရှိရင်လဲပြောပါ "

"အေး မလိုတော့ဘူး ခြံတွေကိုသွား အစောင့်တွေကို သွားစစ် မျက်နာလွှဲလို့မရဘူး သူတို့က စစ်ပေးနေမှာ့ မစစ်ရင် ပေါ့လျော့နေတော့တာ သူတို့ပေါ့လျော့တော့ အထွက်နှုန်းတွေကလျော့တယ် တိုးကျော် အချိုးမပြေတဲ့ အရာတွေ့ရင် မင်းတစ်ခါတည်း အပြတ်ပြောခဲ့ နောက်ပြီး ဖြုတ်သင့်ရင်လဲဖြုတ်ခဲ့ အဲ့တာတွေ မင်းဘဲစီစဉ်ခဲ့ နေ့လည် စာမင်းပြန်လာမှ စားမယ် ဟုတ်ပြီလား သွားမြန်မြန် "

"ဟုတ်ကဲ့အကိုလေး"

ထွန်းတောက်ဂုဏ်အင် ဖိုင်တွေစစ်ရင်း ညောင်းလာတော့ အိမ်ထဲ ခဏလမ်းလျှောက်နေမိတယ်...

လျှောက်နေရင်း မီးဖိုဆောင်ဆီရောက်တော့ ရေခဲသေတ္တာဖွင့်ပြီး နို့သောက်မည်လုပ်တော့ နို့ကမရှိ ဒေါသပုန်ထပြီလေ

ထွန်းတောက်ဂုဏ်အင် နို့အရမ်းကြိုက်တဲ့သူ အမြဲမပျက် နို့ကို ရေခဲသေတ္တာထဲ ရှိနေမှကြိုက်သည် သူသောက်ချင်သည့်အခါ သောက်နိုင်ရန်အတွက် အခုမရှိဘူးဆိုတော့ တော်တော် တာဝန်ပေါ့လျော့နေကြတာဖြစ်နေတယ်...

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now