Episode 19

3.1K 181 0
                                    

Unicode

နောက်တစ်နေ့ မနက် ရောက်တော့ ထွန်းတောက်ဂုဏ်အင် နဲ့ တိုးကျော်တို့ Solar နဲ့ လျှပ်စစ်ပစ္စည်း ဆိုင်ကို သွာစစ်ကြတယ်

ဆိုင်ထဲရောက်တော့

"မင်္ဂလာပါ သူဌေး " ဝန်ထမ်းတွေက နှုတ်ဆက်ကြတယ်...

"အင်း တာဝန်ခံကို သွားခေါ်ပြီး ရုံးခန်းထဲလာခဲ့ စာရင်းတွေ အကုန်ယူလာခဲ့ လို့ ပြောလိုက် "

"ဟို ဟို .....သူဌေး တာ...တာဝန်ခံ မ.. မ ...မရောက်သေးဘူး သူဌေး"ဝန်ထမ်းလေးက အထစ်ထစ်အငေါ့ငေါ့နဲ့ နဲ့ကြောက်လန့်တကြားပြောတယ်..

"ဘာ တိုးကျော် သူတို့တွေကို ဘယ်သူ ကြီးကြပ်တာလဲ မနက်ဖန် တာဝန်ခံတွေ အကုန်ခေါ်  ကြီးကြပ်သူတွေ ပါ အကုန်ခေါ် ပြီး ရင် ဝန်ထမ်းထိန်းသိမ်းရေးတာဝန်ရှိတဲ့သူတွေ ပါအကုန်ခေါ် ဆိုင်တိုင်းကနော် ပြီးရင် စိုက်ပျိုးရေးခြံတွေက တာဝန်ယူစစ်ဆေးနေတဲ့ သူတွေပါအကုန်ခေါ် meeting hall မှာ တွေ့မယ် မနက် ၈နာရီတိတိ" တိတိဆိုတဲ့ နေရာမှာ ဖိပြီးပြောလိုက်တယ်... ဆိုင်ထဲကဝန်ထမ်းတွေကော တိုးကျော်ပါ ကြက်သည်းတွေ တစ်ဖြန်းဖြန်း ထသွာကြတယ်...

"ဟုတ်ကဲ့ အကိုလေး "

"နေဦးအားလုံးကို weekly report ပါ လုပ်ထားလို့ ပြောလိုက်မနက်ဖန်မှ မေးမယ် ပြီးရင် CCTV record တွေ ကို တစ်လတွင်း ဆိုင်တိုင်းကဟာတွေ အကုန်ပြန်ကြည့်မယ် ဒါတွေယူဖို့ သက်ဆိုင်ရာ ဆိုင်ခန်းတွေ ဝန်ထမ်းတွေ ကြီးကြပ်တဲ့သူကို ခိုင်းလိုက် ည နေ လေးနာရီနောက်ဆုံးလိုချင်တယ်လို့ ပြောလိုက် မင်းကိုယ်တိုင်လုပ်စရာမလိုဘူး မင်းခိုင်းလိုက် အိမ်ကိုလဲပြောထား သူတို့လာပို့တဲ့ဘrecord တွေ သေသေချာချာ လက်ခံထားဖို့ ပျောက်တာတို့ ရှတာတို့ဆိုရင် လုပ်တဲ့သူကို သေဖို့သာပြင်ထားလို့ပါပြောလိုက် ကြားလား"

"ဟုတ်ကဲ့ အကိုလေး အခုအမြန်ဆုံးလုပ်လိုက်ပါ့မယ်.."

"အေး အခု ဒီဆိုင်က စာရင်းတွေ ဝင်ငွေထွက်‌ငွေစာရင်းတွေ  အကုန်ငါ့ဆီယူပြီး အခန်းထဲလိုက်ခဲ့ "

"ဟုတ်ကဲ့အကိုလေး " ရာသီဥတုအခြေအနေက မုန်တိုင်းထန် နေပြီမို့ အားလုံး တိုးကျော်အပါအဝင် မလှုပ်ရဲကြတော့ လှုပ်တာနဲ့ သူဌေးအကြောင်းသိတယ် ရက်ရက်စက်စက်ကို လုပ်ပြစ်တာ မညှာဘူးလေ.....

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now