Episode 56

2K 90 2
                                    

Unicode

ကျန်တဲ့သူတွေက တော့ စိတ်မကောင်းဖြစ်ကြတာပေါ့

စာအုပ်လေးကိုင်ပြီး "ကြိုးစားပါ့မယ် "တဲ့ စာလေးရေးပြီး ပြလိုက်တယ်

"အင်း အခုနားလိုက်ဦး အားရှိအောင် အားမွေးလိုက်တော့နော်"

"...."ခေါင်းညိမ့်ပြတယ်

အေးချမ်းရိပ်အိပ်သွားတော့ စကားပြောကြတယ်

"သား ထွန်းတောက် ဟိုတစ်ယောက်ကို ဘယ်လိုလုပ်မှာလဲ အိမ်မှာ ချုပ်ထားတယ်တဲ့"

"အင်း သူ့ကို ဘာလုပ်သင့်လဲ အဖေ တိုးကျော်ငါဘာလုပ်သင့်လဲ"

"သားအဖေပြောမယ် အဖေလဲ သူမွှေးတဲ့ မီးဆိုတာ သိသိချင်း မှတ်လောက်သားလောက်အောင် ဆုံးမမယ်ဆိုပြီး မောင်တိုးကျော်ကို လိုက်ပို့ခိုင်းတာ ဒေါသတွေဖြစ်လို့ သားအမေက တားတယ် မလုပ်ဖို့ သားအမေကပြောတယ် သားသူ့ကို နှိပ်ဆက် ပြန်ခံစားရအောင်လုပ်ရင်ကော သား ခင်ပွန်းက ပြန်ကောင်းလာမှာ မို့လို့လား တဲ့ ပြန်စဉ်းစားကြည့်တော့ ဟုတ်တော့လဲဟုတ်တယ် ထပ်ပြောတာက သားခင်ပွန်းကကော အဲ့လိုလုပ်ချင်ပါ့မလားတဲ့ ပြန်စဉ်းစားတော့လဲ ဟုတ်နေတာနဲ့ အဖေ ရပ်လိုက်တော့တာ တိုးကျော်ပါ ဘေးမှာ ရှိတယ် မေးကြည့်"

"ဟုတ်တယ်အကိုလေးရဲ့ ဦးလေးက ပြောတော့ အဒေါ်က တားတော့ အဲ့လိုပြောတာ ကျွန်တော့ပြောရရင် ဆရာလေးကလဲ နှစ်မြို့မယ်မထင်ဘူး သူ့ကို နှိတ်ဆက်လိုက်ရင် ဆရာလေးလဲ အရင်တိုင်းပြန်ဖြစ်သွားမှာမှ မဟုတ်တာ အပြစ်ပေးရင်တောင် လူမှု့ရေး အပြစ်ဘဲ ပေးလိုက်ပါလား "

"ဘယ်လိုလဲ အခုသူလဲ အရှက်ကွဲသွားပြီ ဥက္ကဌကအစ သိသွားပြီ နောင်သူအလုပ်တွေလုပ်တဲ့ အခါ ဥက္ကဌရဲ့ recommend ယူရတဲ့အခါ သူမျက်နှာပန်းလှပါဦးမလား လူအဖွဲ့အစည်းက သူ့ကို ရှောင်ဖယ်ကြတော့မယ် အခုဆိုသတင်းကပြန့်သွားပြီ လင်မယားနှစ်ယောက်ကြား သွေးထိုးပြီး အဆင်မပြေအောင်လုပ်တယ်ဆိုပြီး သူ့ကိုခေါ်သွားရင်းနဲ့ သူအော်ကြီးဟစ်ကျယ် အော်တော့ လူတွေ ကြားသွားတယ် အဲ့တော့ လူတွေမေးတော့ အဖွဲ့ကလူတွေက ပြန်ဖြေလိုက်တယ်လေ ဒီသတင်းက တော်တော် အပြောများသွားတယ် ဥက္ကဌတို့ပါ မျက်နာ အပျက်အရွင်းနဲ့ သူ့ကို အလုပ်ထုတ်ပြီး ပရဟိတအလုပ်တွေရပ်ခိုင်းလိမ့်မယ် ပြီးတော့ blacklist ကိုပါသွင်းလိမ့်မယ် အကိုလေးရဲ့"

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now