Episode 21

3.3K 159 1
                                    

Unicode

ထွန်းတောက်ဂုဏ်အင် နောက် တစ်မနက်ရောက်တော့ မနေ့က အဆက် နွှဲတော့တယ်

"ကဲစစ်ဆေးရေးအဖွဲ့ ဘယ်သူတွေလဲ ထပါဦး ကိုယ်လုပ်ထားတဲ့ အပြစ် ကိုယ်သိကြလား "

"သိသိပါတယ် "

"သွားအခန်းအပြင်ထွက် တစ်ယောက်လာခဲ့ သူတို့ကို အခန်းတစ်ခန်းထဲ ပို့လိုက် မင်းတို့ လုပ်ခဲ့တဲ့ အပြစ်တွေ စာရွက်နဲ့ ချရေးလာခဲ့ နာရီဝက်အတွင်း ငါအကုန်သိတယ်နော် ထိန်ချန်ဖို့ မစဉ်းစားနဲ့ တစ်ခုထိန်ချန်ရင် ဆယ်ခါ အသားနာမယ် မှတ်ထား သွားကြ"

"ဟုတ် ဟုတ်ကဲ့ ဆရာ"

"တာဝန်ခံတွေ ထပါဦး အကုန်.. ဘာတွေပျက်ရွင်းခဲ့လဲ ဘာတွေချို့ယွင်းခဲ့လဲ  ဘာအပြစ်တွေလုပ်ထားခဲ့လဲ အကုန်စာရွက်အလွတ်ပေါ် ချရေးလာခဲ့ အခု ၁၅ မိနစ်အတွင်း တစ်ခုထိန်ချန်ရင် အသားအခါနှစ်ဆယ် နာစေရမယ် .. တိုးကျော် တစ်ယောက်ကိုခေါ် လိုက် သူတို့ကို အခန်းတစ်ခန်းထဲ သွားပြီး ရေးခိုင်းလိုက် စစ်ဆေးရေးအဖွဲ့နဲ့ မတွေ့စေနဲ့ "

"ဟုတ်ကဲ့ "

"ကဲ hr ကသူတွေ ထပါဦး ဘာတွေလစ်ဟင်းခဲ့လဲ ဘာတွေလုပ်ဖို့ လိုခဲ့လဲ တစ်ယောက်ချင်းစီထရှင်း အခုငါကြားချင်တယ် မင်းတို့ကို ငါလစာပေးပြီး ခိုင်းထားတာ မင်းတို့တွေကို အလေလိုက်ဖို့ အိပ်ဖို့ လစာပေးထားတာမဟုတ်ဘူး မင်းတို့ ဌာနကလူတွေ တော်တော်အားယားနေကြလား လူတွေပိုနေတယ်နဲ့တူတယ် ဟင် အလုပ်တွေ နည်းလို့နဲ့ တူတယ် ပြီးရင် မင်းတို့ JD ကို စာရွက်နဲ့ ရေးလာခဲ့ မင်းတို့ ပျက်ကွက်တဲ့ တာဝန် တွေကို နောက်စာရွက်နဲ့ ထပ်ရေးခဲ့ လုပ်ထားတဲ့ အပြစ်တွေကို နောက်စာရွက်နဲ့ ရေး ဆယ်မိနစ်အတွင်း ငါ့ရှေ့မှာ ရေး တိုးကျော် စာရွက်တွေပေးလိုက် သူတို့ကို စောင့်ကြည့်ထား စကားမပြောစေနဲ့ နေရာခွဲပြီးရေးခိုင်း ငါအခန်း ပြန်မယ် ပြီးရင် ပြန်လာခဲ့မယ်..."
အခန်းပြန်ရတဲ့ ရည်ရွယ်ချက်က အခန်းထဲကနေ အဖွဲ့ သုံးဖွဲ့လုံးကို CCTV ကနေစောင့်ကြည့်ဖို့ ပြန်သွားတာဖြစ်ပါတယ် CCTV တွေက အရမ်းကောင်းတော့ အသံကော ရုပ်ထွက်ကပြောစရာမလို ထင်ထင်ရှားရှား မြင်ရ ကြားရတယ်

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now