Episode 63

1.7K 89 0
                                    

Unicode

အခန်းထဲရောက်တော့ နှစ်ယောက်လုံးခြေလက်ဆေးပြီးတော့ ကုတင်ပေါ်ထိုင်းရင်း

"မောင် "

"အင်း စာသင်ဖို့က အခုအခြေအနေနဲ့ သင်ဖို့ကမဖြစ်နိုင်ဘူး ထင်တယ် သက်သာမှ သင်မယ် ဒါပေမယ့် ကလေးတွေနဲ့ တစ်လလောက် စာသင်တာပျက်ရမှာနော်"

"အင်း ဒီအကြောင်း ဥက္ကဌနဲ့ဆွေးနွေးထားတယ် စာချုပ်ကိစ္စရယ် ကလေးတွေအတွက်ရယ်ကို "

"ဟုတ်လား ဘယ်လိုစဉ်းစားထားလဲ "

"ပွင့်လင်းရာသီရောက်လာရင် မောင် မတည်ပြီး အစိုးရနဲ့ ညှိပြီးရင် စာသင်ကျောင်းဆောင် တစ်ခုလှူမယ် အစိုးရ ဆရာဆရာမတွေ ကို အစိုးရပြောပြီး သင်ဖို့ပြုဖို့ ညှိမယ် မူလတန်းကျောင်းကို "

"ကောင်းသားဘဲ ဒါဆိုငယ်က ဘာလုပ်ရမှာလဲ "

"မောင်းကိုချသ်ပေးရမယ့်အလုပ်လေ "

"အန် လိပ်ကြီး ကိုယ့်ဘက် ကိုယ်ယက်တယ် တစ်ခု "

"အင်းပြောငယ်"

"စာမသင်ရတော့ဘူးဆိုရင် ရွာသားတွေကိုလေ knowledge တွေမျှပေးချင်တယ် ကျန်းမာရေးအတွက် နောက်ပြီး အသက်မွေးဝမ်းကျောင်းအတွက် ပြီးတော့ သူတို့မှာရှိတဲ့ ကုန်ကြမ်းတွေကို သူတို့ဆီမှာ ကုန်ချော ဖြစ်တဲ့အထိ လုပ်တာတွေကို သင်ပေးချင်တယ် ဥပမာ မောင်ရယ် ထျန်းလျက်ဆိုပါတော့ သူတို့က ဒီတိုင်း တောင်းနဲ့ ဘာနဲ့ ပုတ်ဖြတ်ရောင်းကြတာ အမြတ်အစွန်းက နည်းတယ်လေ သူတို့အတွက် ဒါ့ကြောင့် တစ်ခါတည်း ထုတ်ပိုးပြီး သူ့တို့ အမှတ်တဆိတ်နဲ့ တစ်ခါတည်း ထုတ်ပိုးပြီး ဆိုင်တွေ ပြန်သွင်းနိုင်အောင်ပေါ့ "

"အင်းမဆိုးပါဘူး လုပ်လေ "

"အင်း ရွာမှာက ထန်းရည် ထန်းလျက်အပြင် ဖရုံသီး သရက်သီး နောက်ပြီး ပန်းတွေ မြေပဲတွေ ပဲတွေ ထွက်ကြတာ် ကုန်သည်တွေက ခေါင်းပုံဖြတ် ပေါက်ဈေးထက် လျော့ပေးတော့ သူတို့နစ်နာတာအများကြီးဘဲ အဲ့ဒီ ကုန်ကြမ်းတွေကို ဥပမာ ဖရုံသီးဆို ဖရုံယို ထိုး ထုတ်ပိုးပြီး ပြန်သွင်းတာမျိုး ပဲဆိုလဲ ထုတ်ပိုးပြီး ပြန်ရောင်းတာမျိုး လုပ်တက်အောင် သင်ပေးချင်တယ် "

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now