Episode 44

2.8K 128 2
                                    

Unicode

ဒိုက်ထိုးနေတဲ့ တိုးကျော်ကို ကြည့်ပြီး အေးချမ်းရိပ်နားမလည် ထွန်းတောက်ဂုဏ်အင် ဘာ့ကြောင့် တိုးကျော်ကို ဒိုက်ထိုးခိုင်း နေတယ်ဆိုတာ လုံးဝမသိ

ထွန်းတောက်ဂုဏ်အင် ခဏနေတော့ အေးချမ်းရိပ်နားလျှောက်လာတော့တယ်

"လူကြီးကလေး "

"ဟင်"

"ဗိုက်ဆာနေလား "

"မဆာသေးပါဘူး ဂုဏ် ဂုဏ်ဆာနေလို့လား ဒါဆိုခဏလေး အကို အရွက်ကြော်ပေးမယ်"ဆိုပြီး ထွက်သွားမည်အပြု ထွန်းတောက် လက်ကို ဆွဲထားလိုက်တယ်

"ခဏနေရင် မြို့ပေါ်သွားမယ်အဲ့အခါမှ စားကြတာပေါ့ ဘာစားချင်လဲ ပြော ကျွန်တော့်ကို"

"တကယ်လား "

"အင်း ပြောစားချင်တာ"

"ကြက်အသည်းအမြစ်ကို သေးသေးလေးတွေလုပ်ပြီး မုန့်ညင်းရွက်နဲ့ ကြော်တာရယ် ပြီးတော့ ကြက်အသည်းအမြစ်ကို လေကြော်ပြီးသေးသေးလုပ် ကြက်သွန်နီကိုကြော် ငရုပ်သီးအကြမ်းမှုန့်လေးထည့်ပြီး အသည်းအမြစ်‌ကို ပြန်လုံးကြော်တာလေးစားချင်တယ် "

"ဒါဘဲလား အခြားကောဘာစားမလဲ"

"အင်းရသေးတာလား"

"ရသေးတယ် "

"အဲ့ဆို ချဉ်စပ်ခေါက်ဆွဲခြောက်ကိုလေ ခြေလိုက် ပြီးရင် ကြက်ဥနှစ်လုံးထည့် ငရုတ်သီးစိမ်းလေးထည့် မုန်လာဥနီ ပါးပါးလေးထည့် ပြီးရင် ကြက်သွန်နီထည့်ပြီး အရသာမှုန့်က ခေါက်ဆွဲပြုပ်ထုတ်က အရသာမှုန့်တွေဘဲထည့်ပြီး မွှေ ကြက်ဥကြော်သလို ကြော်တာစားချင်တယ် "

"ဟားဟား ဟားဟား ကြက်ထဲကကို မထွက်သေးဘူး "

"ဟာ ထပ်ပြောမယ် ပုစွန် အစိမ်းသုပ် စားမယ် အဲ့ဒါဆို ကြက်ထဲက ထွက်ပြီလား" နှုတ်ခမ်းစူပြီး ပြောတော့

'အဲ့နှုတ်ခမ်းနော် ဟင်းဟင်း မင်္ဂလာဦးညမှ ' စိတ်ထဲကနေ ပြောလိုက်တယ်

"တော်ပြီလား ဒီလောက်ဆို"

"တော်ပြီလေ ထမင်းစားမှာ ဟင်းစားမှာမှမဟုတ်ဘဲ အခုတောင်များနေပြီ "

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now