Episode 20

3.4K 180 0
                                    

Unicode

စစ်ဆေးရေးအဖွဲ့တွေ လာတော့ စစ်ဆေးတာတွေ လုပ်နေတာကို ထိုင်ကြည့်နေလိုက်တယ် စစ်ဆေးရေးအဖွဲ့တွေကလဲ မျက်နှာက ဇီးရွက်လောက်သာကျန်တော့တယ် သူတို့ အမှားတွေလုပ်ထားတာကိုးစစ်ဆေးပြီးသွားတော့ ထွန်းတောက်ဘာမှမပြောဘဲ အိမ်ပြန်တော့တယ် စစ်လိုက်တဲ့ စာရင်းတွေက အမှားတွေ ပလပွနဲ့ စည်းစနစ်တကျမရှိ သူစဉ်းစားမိတယ် လွှတ်ထားလို့မရတော့ဘူး ဆိုတာဘဲ အိမ်ရောက်တော့ လာပို့ထားကြတဲ့ CCTV record ကို ဖွင့်ကြည့်လိုက်တော့ သူအရမ်းအံဩသွားတယ် ဘာလို့ဆိုတော့ ဆိုင်လူမလာတဲ့အခါ အိပ်တဲ့သူကအိပ်ဖုန်းကြည့်တဲ့သူက ကြည့် တစ်ချို့ဆို မုန့်တောင်ထိုင်စားနေသေး တစ်ချို့ဆို ဝယ်သူလာတာတောင် မထကြ ထတော့လဲ မြန်မြန်ဆန်ဆန်မထကြ ပျင်းရိပျင်းတွဲထကြတယ် တစ်ချို့ ဝယ်သူကိုဆို ဝယ်ချင်ပေမယ့် ဝန်ထမ်းတွေကိုကြည့်ပြီး ဆိုင်အပါက်ဝကနေ ပြန်တဲ့သူတောင်ရှိသေး ဆိုင်ထဲဝင်ပြီးလာကြည့်တော့ ဝယ်ချင်အောင်မစွဲဆောင်ဘဲ ဘာမှမပြောဘဲ ရပ်ပြီးနေတဲ့သူနဲ့ တစ်ချို့ဝန်ထမ်းများဆို အပြင်ထွက်သွားတယ် ဘယ်သွားမှန်းမသိ ၂နာရီလောက်ကြာမှ ပြန်ဝင်လာတာတွေကော ကြည့်နေတုန်းထိုအချိန် ဖုန်းတစ်ကောဝင်လာတယ်

"ဟယ်လို ထွန်းတောက်ဂုဏ်အင်ပြောနေပါတယ်"

"အေး မောင်ရင် ဦးပါ ဦးကျော်တင့် မောင်ရင်ရေ ပြောရဦးမယ် မောင်ရင့် ကိတ်မုန့်ဆိုင်မှာ ဦးမြည်းလေး အတွက် မွေးနေ့ ကိတ်မုန့်သွားဝယ်တာမှာ ဝန်ထမ်းတွေကလေ စိတ်မရှည်ကြဘူး ငါ့တူ လိုချင်တဲ့ ဒီဇိုင်းပြောတော့ လုပ်ပေးလို့မရဘူးတဲ့ မုန့်လုပ်တဲ့သူမရှိဘူးတဲ့ အခုရှိတဲ့ ဟာကိုဘဲ ယူသွားတဲ့ ပြီးတော့ မြေးလေးက မုန့်ကို ထိုင်စားချင်လို့ တစ်စိတ် မှာပြီးကြွေးတော့ မုန့်တွေက ချဉ်နေတယ်ငါ့တူ ပြောတော့ ငါကြိုက်တာစိတ်ကြိုက်ယူလိုက်တာမို့ ပြန်လဲပေးလို့မရဘူးတဲ့ ဦးက ဘာမှမဖြစ်ပေမယ့် မောင်ရင့် နာမည် မောင်ရင့်ဝန်ထမ်းတွေကြောင့် ပျက်စီးလိမ့်မယ်မောင်ရင် " ဆိုပြီး ပြောတော့
"ဟုတ်ကဲ့ ဦးလေး ကျွန်တော့ ဝန်ထမ်းတွေကို ပြင်းပြင်းထန်ထန် ဆုံးမပါမယ် ဒါနဲ့ ဦးကော အဆင်ပြေရဲ့လားမပြေရင် ကျွန်တော့ ဆီကတစ်ယောက်လွှတ်ပြီး ဦးလေးကြိုက်တဲ့ design ကို လုပ်ခိုင်းလိုက်မယ် ဦးလေး"

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now