Episode 60

2K 89 0
                                    

Unicode

ထွန်းတောက်နဲ့ အေးချမ်းရိပ် သူနေတဲ့ ရွာထဲက အိမ်လေးထဲ ရောက်တော့ ဥက္ကဌရယ် နှစ်သစ်ထွန်းရယ် မိုးသောက်ဦးမောင် ရယ်ရှိနေတယ်

"ညီတို့ ဘာဖြစ်လာတာလဲ အေးချမ်းရိပ်မှာလဲ သွေးတွေနဲ့ ညီ့မှာကောပေကျံနေတာဘဲ ဘာတွေဖြစ်လာတာလဲ"နှစ်သစ်ထွန်းမေးတော့

"အဲ့တာကခဏထား ငယ့်ကို ဆေးထည့်ဖို့ဆေးသေတ္တာ အိမ်ထဲမှာရှိတယ် မြန်မြန်ယူပေးပါ "ထွန်းတောက် အေးချမ်းရိပ်ကို ပွေ့ချီလာရာကနေ ချပြီးပြောလိုက်တယ်

"အေးအေး အကိုယူပေးမယ် " နှစ်သစ်ထွန်အမြန်ဘဲ သွားယူလိုက်တယ်

ဥက္ကဌက "မောင်ထွန်းတောက် ဆေးရုံသွားမလား ဦးကားနဲ့ ပို့ပေးမယ် မောင်ထွန်းတောက်မှာ ကားမပါဘူးထင်တယ်"

"အဲ့တာဆိုကောင်းတယ် အခု သွေးတိတ်အောင် အရင်လုပ်ရမယ် ထင်တယ် တော်ကြာသွေးထွက်လွန်နေမှာ ထပ်စိုးရိမ်နေရဦးမယ်"

"ငါ့ညီ မင်းအဝတ်လဲပြီး ရေဆေးလိုက် တော်ကြာ အနာဆေးထည့်ပေးရင်း လူနာ ပိုးဝင်ကုန်ဦးမယ် ညီကိုယ်တိုင်ထည့်ပေးမှာမှတ်လား သွားမြန်မြန် ရော့ အကိုအင်္ကျီလဲထားလိုက် ရေမြန်မြန်သွားဆေးခဲ့ "

"ဟုတ်ပြီ " ပြောကာ ပေးတဲ့ အဝတ်တွေယူပြီး ကိုယ်လက်သွားဆေးလိုက်တယ်

"ညီအေးချမ်းရလား သတင်းကြားရတာ စိတ်မကောင်းပါဘူး အကိုတို့ပရောဂလဲ မ‌ကင်းဘူးဆိုတော့လေ အကိုတောင်းပန်ပါတယ်"

"...."ခေါင်းညိမ့်လိုက်တယ်

ဥက္ကဌကလဲ " သားအေးချမ်း အဆင်ပြေလား သက်သာရဲ့ "

"...." ခေါင်းညိမ့်ပြတယ်

သူတို့ သုံးဦးစကားပြောနေတုံး မိုးသောက်ဦးမောင်တစ်ယောက် လှစ်ခနဲ့ ထွက်သွားတာကို အေးချမ်းရိပ်တွေ့လိုက်တယ် တွေ့ဆို အေးချမ်းရိပ်က အပေါက်ဝကို မျက်နှားချင်းဆိုင်မဟုတ် အပေါက် နဲ့ ၉၀°ဒေါင့်ဖြတ်ထိုင်နေတာမို့ မိုးသောက် ဆင်းသွားတာကို သူသတိထားမိတယ် နှစ်သစ်ထွန်းနဲ့ ဥက္ကဌက အပေါက်ကို ကျောပေးထားလို့ မသိကြ မိုးသောက်သွားရာ လမ်းကြောင်းက အိမ်ခြေရင်း ရေချိုးနေတဲ့ ထွန်းတောက်ဆီကို အပေါက်ဖောက်ထားတဲ့ ခြေရင်း ပြတင်းပေါက်ကနေ မြင်နေရတယ် သူ့လက်ထဲမှာ တုတ်ချောင်း တစ်ခု ကိုင်ထားတာကို တွေ့တော့ အေးချမ်း‌ရိပ်စိုးရိမ်သွားတယ် သူ့ရင်ဘက်ထွက်နေတဲ့ သွေးတောင်ဂရုမစိုက်အား အတင်းကုန်းထပြီး ထွန်းတောက်ဆီကို ပြေးတော့တယ် နှစ်သစ်ထွန်းနဲ့ ဥက္ကဌကလဲ

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now