Episode 25

3.2K 180 0
                                    

Unicode

တိုးကျော် အကိုလေးရဲ့ တာဝန်ခိုင်းစေချက်အရ ပွဲရုံတွေလိုက်စစ်ရတယ်

တိုးကျော် လိုက်စစ်တုံး ကောင်လေးတစ်ယောက် နဲ့ သူ့အပေါင်းအပါတွေ အလုပ်ပါးသွား‌တော့ နားပြီး ထမင်းထိုင်စားတုံး စကားပြောသံလေးတွေ တိုးကျော်ကြားမိတယ်

မောင်ကောင်းက"  ငါတို့ရွာရဲ့ဆရာလေးက အရမ်းတော်တယ်ကွ သီချင်းဆိုလဲတော်တယ် စာသင်တာလဲတော်တယ် ဆေးကုတာလဲအရမ်းတော် ရုပ်လေးကလဲ ချော အရာရာပြည့်စုံတယ်ကွာ ငါတို့နဲ့များ ကွာပါ့"

"ဟုတ်လားကွ ဆရာဝန်ကစာသင်တာကတော့ထားပါတော့ဟ သီချင်းဆိုကောင်းတယ်ဆိုတာ ကတော့ မဖြစ်နိုင်ပေါင် ငါမယုံဘူးမောင်ရေ"

"ဟာ ကျုပ်ကအတည်ပြောတာ ဗျ မယုံရင်ဒီမှာကြည့် ခင်ဗျားတို့စွဲသွားလိမ့်မယ် "

"ကဲပြချည် ဟုတ်ရဲ့လားဆိုတာစစ်ကြည့်မယ်"

အတော်အတန်ဖုန်း ဗီဒီယိုကို ကြည့်ပြီးတော့ ထိုသူက

"အေးကွာ မင်းပြောတာဟုတ်တယ်ကွ  ရုပ်ကလဲ မင်းသားတွေတောင် ရှုံးဟေ့ အသံကလဲ ဘာကောင်းသလား မမေးနဲ့ မိန်းကလေးဆိုတဲ့နေရာမှာတောင် သူ့အသံနဲ့ဆိုသွားတာ အတည်ကိုကောင်းသကိုးကွ ငါ့ရွာက ဒေါက်ကြီးတို့ ဖိုးတုတ်တို့ ဆိုကောင်းသလားမှတ်တယ် သူ့ကိုမမှီပေါင် "

"အေး ကျုပ်ပြောသားဘဲ အရမ်းတော်ပါတယ်လို့ အမောင်က ယုံမှမယုံဘဲ "

"အေးပါကွာ ဟို ဗိုလ်လိုဆိုသွားတာကလဲ ကျုပ်တို့နားမလည်ပေမယ့် အလွှတ်ကိုကောင်းသကိုး "

"ဟုတ်တယ် အမောင်ရေ နားမလည်ပေမယ့် အရမ်းကောင်းတော့ ဈာန်တောင်ဝင်တယ်ဗျို့"

"ဟားဟား သူ့ကို ရွာထဲက ပျိုဖြူတွေတော့ ဝိုင်းပိုးကြမယ့်ပုံ မိန်းကလေးမပြောနဲ့ ကျုပ်တို့ယောက်ျားတွေတောင် တမ်းတမ်းဆွဲနိုင်တဲ့ ရုပ်မျိုး ဗျို့ သူသာမိန်းကလေးဖြစ်ရင် အဟမ်း ကျုပ်ကတော့ ခိုးပြေးပြစ်မှာ မလွဲ"

"ဖုန်းထဲမလို့ အပြင်မှာ ဒီ့အထက်ပိုချောတယ် အမောင်ရေ" မောင်ကောင်းပြောတော့

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now