Episode 58

1.8K 86 1
                                    

Unicode

အပူတစ်ပြင်းနဲ့ အိပ်မရစားမရအဆုံး နောက်တစ်နေ့မိုးလင်းသွားကြတယ်

ထွန်းတောက် တိုးကျော်နဲ့ အေးချမ်းရိပ်မိဘများးဟာလဲ ဘယ်လိုမှ မအိပ်နိုင်မစားနိုင်နဲ့ ရလာမယ့်သီတင်းကိုသာနားစွင့်နေရတယ်

"တိုးကျော် ရဲမှူးကြီးဆီက ဘာသီတင်းရသေးလဲ "

"အခုထိတော့ မရသေးဘူး အကိုလေးရ "

ထွန်းတောက် နားထောင်ပြီး စိတ်ပျက်လက်ပျက်နဲ့ ခေါင်းတွေသာကုတ်နေတော့တယ်

"တူ .....တူ....." ထိုချိန်ဖုန်းတစ်ကော တိုးကျော်ဆီဝင်လာတော့တယ်

"ဟယ်လို"

"$#$@##@#"

"အင်း ဘယ်မှာလဲ "

"@#$@#@$$"

"ကောင်းပြီ အကိုလေးကိုပြောလိုက်မယ် ဆက်စုံစမ်းထား"

"@#$@$@#"

"အင်း"

"ဘယ်သူလဲ တိုးကျော် "

"မနေ့က ဦးလေးနဲ့အဒေါ်ကို ညဘက်ကြီး ဦးလေးက အထုတ်တစ်ထုတ်ထမ်းပြီး ထွက်သွားတာတွေ့တယ်တဲ့ "

"အာ့တာဘယ်မှာလဲ"

"မြောက်မြို့စွန် ဘက် ထွက်သွားတယ်တဲ့"

"အိတ်နဲ့ ညဘက်ကြီး ထမ်းသွားတယ်ဆိုတော့ ဒါဆို "

"ဟုတ်တယ် အကိုလေး သေချာတယ် ဆရာလေး "

"အဲ့တာဆို  အခုလိုက်ရှာတော့မယ်လေ ဘာလုပ်နေမှာလဲ " ဆိုကာ ထွန်းတောက်ထပြီး ကားပေါ်တက်ကာ သွားတော့တယ် ထွန်းတောက်က ကားတစ်စီး တိုးကျော်နဲ့ အေးချမ်းရိပ်မိဘတွေက ကားတစ်စီး သွားကြတော့တယ်

"တူ ...တူ...."တိုးကျော်ဆီဖုန်းဝင်လာတယ်

"ဟယ်လို "

📞 ကို ကောင်းလေးပါ

"အင်း ကောင်းလေးပြော ကိုဆရာလေး သတင်းရလို့ မြို့ မြောက်ဘက်ကိုသွားနေတယ်"

📞မဟုတ်ဘူး မသွားနဲ့ ကို အခု ရွာရဲ့ဟိုးနေ့က ဆရာလေး အဖမ်းခံရတဲ့နေရာမှာ ကို ရွာကသူတွေ နဲ့ တွေ့တာ  အဘက သိနေတော့ ရွာသားတွေ အကုန်ပြောထားလို့ ရွာကသူတွေလည်းရှာနေရင်း အဝေးတစ်နေရာကနေ ကို ပြထားတဲ့ ပုံထဲက သူနှစ်ယောက်ရယ် နောက်လိုက် ၃ ယောက်လောက်ရယ် တောထဲ က တဲဘက် ထွက်သွားတယ်ပြောတယ် အခုသတင်းရရခြင်း အဘက ဖုန်းဆက်လာလို့ ကို့ကိုပြောတာ

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now