Episode 32

2.5K 135 0
                                    

Unicode

ဒေါသကုမ္မာန် ထွန်းတောက်ဂုဏ်အင်တစ်ယောက် တစ်အိမ်လုံး သောင်းကျန်းပြီးတော့ စိတ်ဖြေနေစဉ် ဖုန်းသံလေးမီလာတယ် ဖုန်းနံပါတ်လေးကြည့်တော့ အပြုံးပန်းဝေပြီး စောနက သောင်းကျန်းထားတဲ့ သူမဟုတ်တဲ့အတိုင်း မှိုရတဲ့ မျက်နှာပေးနဲ့

"ဟယ်လို "

📞ဂုဏ်လား

"အင်းဟုတ်တယ် လူကြီးကလေး"

📞ဟို မနက်ဖန် ဂုဏ်အားလား

"ဘာဖြစ်လို့လဲ အားတယ်လေ"

📞အားရင် မနက်ဖန် နေ့လည် ပိုင်းအကိုမွေးပေးတဲ့ကလေး ဂုဏ်နာမည်‌ပေးထားကလေးလေးကို သွားကြည့်မလို့ တူတူသွားရအောင်မေးကြည့်တာ အားရင် လိုက်မလား

"ဟာလိုက်မှာပေါ့ တူတူသွားကအောင်လေ ကျွန်တော်လာခေါ်မယ် အိမ်ကို"

📞အာရပါတယ် ဆေးရုံမှာ တွေ့မယ်လေ အားနာလို့

"အပိုစကား‌တွေ အိမ်မှာဘဲနေ ကျွန်တော်လာခေါ်မယ် လူကြီးကလေးစောင့်နေကြားလား"

📞အင်း ဒါဆိုလဲပြီးရော မနက်ဖန်က မနက်ပိုင်းဆယ်ခွဲထိ စာသင်ရတာမို့ ဂုဏ်က ဆယ်ခွဲလောက်ရောက်ရင်ဖြစ်တယ်လေ

"အင်း ဟုတ်ပြီ ဆယ်ခွဲရောက် အောင်လာခဲ့မယ်

📞အင်း see ya

"Me too see ya လူကြီးကလေး"

ထွန်းတောက်ဂုဏ်အင် မနက် တွေ့ရတော့မယ်ဆိုတော့ ပျော်ရွှင်နေရတော့တာပေါ့ ညနေရောက်တော့ ထွန်းတောက်ခိုင်းထားတဲ့ သူတွေ အသီးသီး report အပ်ကြပြီး သိချင်တာမေးပြီး အကုန်အဆင်ပြေတယ်ဆိုတော့ သူနားလိုက်တော့တယ် သူခဏနားပြီး မီးဖိုဆောင် သွားကာ ချက်ပြုတ်နေတာများကို စစ်ဆေးလိုက်တယ်

စစ်ဆေးပြီးတော့ အရအသာ ကို သူမြည်းကြည့်တော့ ကောင်းနေတာမို့ ဘာမှဆက်မပြောဘဲ အလုပ်သမားအဆောင်တွေ လိုက်စစ်ဆေးတော့တယ်

နေ့လည်က သူသောင်းကျန်းထားလို့ ဘယ်မှ မလှုပ်ရဲ ခိုင်းတဲ့အတိုင်း လုပ်ထားကြတာမို့ အဆင်ပြေသွားတယ်

သူ့စိတ်ထဲတွေးနေတာက မနက်အတွက် လူကြီးကလေးနဲ့ ကြာကြာတွေ့ဖို့ဘဲ

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now