Episode 43

2.5K 127 0
                                    

Unicode

မနက်ခင်း အိပ်ယာကနိုးတော့ ဘေးနားမှာ ထွန်းတောက်ဂုဏ်အင်ကမရှိ အိပ်ယာလေးသိမ်းပြီး မျက်နှာသစ်ဖို့ ရေချိုးခုံနားသွားတော့ ထွန်း‌တောက်တပည့်တွေ တသ်ချို့က အပင်တွေရေလောင်း တစ်ချို့ကရေအိုးထဲ ရေဖြည့်နေတယ် တစ်ချို့က ရေချိုးတဲ့နေရာကို အကာတွေကာနေတာတွေ့တယ် ဘယ်သူ့လက်ချက်မှဟုတ် ထွန်းတောက်ဂုဏ်အင်ရဲ့ လက်ချက်မှန်းသူသိတယ်

ကာယကံရှင်ကိုတော့ အခုထိမတွေ့သေး မိမိထွက်လာတော့တိုးကျော်က အပြေးရောက်လာပြီး

"ဆရာလေးနိုးပြီလား မျက်နှာသစ်တော့မလို့လားဆရာလေး" မေးတော့

"ဟုတ်ကဲ့ ကိုတိုးကျော် "

"ဟိုဆရာလေး ကျွန်တော့ အသက်က အခုမှ ၂၂နှစ် အကိုလေးထက် လပိုင်းတောင်ငယ်သေးတယ် ဆရာလေးရဲ့ ကိုကြီးတပ်ပြီး ပြောနေတော့ ကျွန်တော် နေရာတာ တစ်မျိုးကြီးဘဲ "

"ဟုတ်လား သတိတောင် မထားမိဘူး sorry ဒါဆိုဘယ်လို ခေါ်ရမလဲ "

"တိုးကျော်လို့ဘဲ ခေါ်ပါ"

"အင်း ဟုတ်ပါပြီ ဒါနဲ့ တိုးကျော် အကိုလေးက ‌မနေ့က မေမေနဲ့ပြောတော့ ၂၃ ဆို ဘာလို့  လဲ "

တိုးကျော်မြွေပေါက်ပြီ ငယ်ထိတ်ကို "ဟိုလေ ဆရာလေး အကိုလေးကလေ အလုပ်တွေမှ အများကြီး အလုပ်တွေ လုပ်နေရင်း တစ်ခါတစ်လေ သူ့အသက်ပါမေ့တက်တာ မနေ့က သူမှားပြောမိတာနဲ့တူတယ် လုပ်ငန်းregister လုပ်တာတောင် သူက လက်မှတ်ဘဲ ထိုးတာ ဘာမှမဖြည့်ဘူး ကျန်တာ အခြားသူတွေကဖြည့်ပေးတာ အဆင်သင့် ဒါ့ကြောင့် မှားတာနေမှာ "

"ဪ ဟုတ်လား သူ့အလုပ်က အရမ်းများတာလား အိပ်ကော အိပ်ရရဲ့လား တိုးကျော် အသက်တောင်မေ့တယ်ဆိုတော့လေ " သဘောရိုးနဲ့ သိချင်လို့ မေးတာဆိုပေမယ့် တိုးကျော် မဖြေလို့ကမရ ဖြေရတော့တယ်

"လုပ်ငန်းတွေကအများကြီးဆိုတော့ အလုပ်မပျက်တာပါ"

"ဪ အသက်ပါမေ့တာဆိုတော့ ကျန်းမာရေးစစ်ဆေးကြည့်ခိုင်းဦး တစ်ခုခု ဖြစ်နေဦးမယ် ပြောလိုက်ဦးတိုးကျော်"

"ဟုတ်ဆရာလေး" စိတ်ထဲကနေတော့ <မကြာခင်သူ့လင်ဖြစ်တော့မှာကို ကိုယ်တိုင်မပြောဘူး ခေါင်းရောင်းသေးတယ် အယ် ပြောလို့မဖြစ်ဘူ အကိုလေးက အသက်အရမ်းကြီးချင်တာ ကိုယ့်အသက်ကို သိရဲ့နဲ့ တစ်မင်ပင် ၂၃လို့ပြောလိုက်တာ ကျန်းမာတာမှ သူ့လောက် ဂရုစိုက်တာ သူ အခုစကားသာ သူပြောလို့ကတော့ အကိုလေးဒေါသနဲ့ သူပြေးပေါက်မှားမည်မှာမလွ ဆရာလေးပြောလိုက်ရင်လဲ သူပြောတယ်ဆိုတာ သိပြီး ဒေါသဖြစ်မယ် ငါမှားတာ ငါမှား တာ ဒီပါးစပ် > ကဆိုပြီး တွေးနေတော့

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now