#Unicode
"ဟျောင့် သာထူးရ ပေါ့ပျက်ပျက် ကစားမနေနဲ့။ မင်းလုပ်တာနဲ့ ရှုံးတော့မှာပဲကွာ"
"မရှုံးစေရပါဘူးကွာ မင်းကလည်း"
"ရှုံးလို့ကတော့ မင်းကို ထသတ်မှာ"
ML ဆော့နေတဲ့အချိန်ဆို လင်းရာကို အားလုံးက ကြောက်ကြရသည်။ Mythic ကိုတက်ဖို့ စိတ်အားထက်သန်နေတဲ့ လင်းရာလေးက နည်းနည်းလေးမှ အမှားမခံပေ။
စစ်ပိုင်ဘေးမှာ ဂိမ်းလာဆော့နေတဲ့ ထူးခြားကို ကြာရင် စစ်ပိုင် ထရိုက်မိတော့မည်။ ဂိမ်းဆော့တာ ဆူညံနေတာပဲ။
ထူးခြားဆူတယ်ဆိုတာထက် ထူးခြားနဲ့ ဂိမ်းဆော့နေတဲ့ တစ်ဖက်ဖုန်းထဲက ကောင်လေးအသံက ပိုဆူနေတာဆို ပိုမှန်မည်။
ဂိမ်းဆော့နေရင်းက သူအလိုမကျရင်လည်း ထထအော်တတ်သလို နိုင်သွားရင်လည်း အသံလေးတဆာဆာနဲ့ ပြောလို့မပြီးတော့ပေ။
ခုလည်းကြည့်ဦး သူနိုင်တာကို ဂုဏ်ယူဝင့်ကြွားပြောနေလိုက်တာများ မသိရင် တလောကလုံးကို အနိုင်ရလိုက်သလိုပင်။
"VICTORY"
"အသံလေးက နားထောင်လို့ကောင်းလိုက်တာကွာ။ နားဝင်ကိုချိုနေတာပဲ"
"နိုင်သွားလို့ သားထူးရေ။ မဟုတ်ရင် မင်းခုည အဆောင်မှာ မအိပ်ရလောက်ဘူး"
"အေးကွာ မဟုတ်ရင် ငါခုည မင်းတို့အဆောင်မှာလာအိပ်ရလောက်တယ် ဟျောင့်ရေ"
"ရှုံးသွားရင် ငါမင်းကို တကယ်ကန်ချမှာ"
"ကြောက်ပါတယ် သဲရယ်"
"ချီးသဲပါ့လား ခွေးကောင် ကြအုပဲ"
တစ်ဖက်က မဆဲတတ်ဆဲတတ်နဲ့ ဆဲလိုက် ရန်လုပ်ပြီးပြောလိုက် လုပ်နေတဲ့သူက ဘယ်သူလဲဆိုတာကို တဖြည်းဖြည်းနဲ့ စစ်ပိုင်သိချင်လာပါပြီ။ အသံက ဘေဘီ့အသံနဲ့ တူပေမယ့် ဘေဘီတော့မဖြစ်နိုင်ပေ။
"ထူခြား"
"ဗျာ"
"ဟိုဘက်က ပြောနေတဲ့ အသံဆာဆာနဲ့က ဘယ်သူလဲ"
"ဘယ်သူရမှာလဲ အဲ့တာ ကိုကြီးစစ်ပိုင်ရဲ့ ဘေဘီလေ"
"ဟမ် ဘေဘီ။ လင်းရာလား"
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။